ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့လှူဒါန်းသော ဆန်နှင့်ဆီများ ပြည်သူများလက်ဝယ်သို့ ထပ်ဆင့်ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့လှူဒါန်းသော ဆန်နှင့်ဆီများ ပြည်သူများလက်ဝယ်သို့ ထပ်ဆင့်ပေးအပ်


ကျောင်းကုန်း၊ စက်တင်ဘာ  ၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် ဆန်နှင့်ဆီများကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်းများ၌ အဖွဲ့များခွဲကာ စက်တင်ဘာ (၁) ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပြည်သူများ၏လက်ဝယ်သို့ အသီးသီးပေးအပ်ခဲ့ကြသည်။

ကျောင်းကုန်းမြို့နယ်တွင် ရပ်ကွက် (၄) ခု၊ ကျေးရွာအုပ်စု (၉) အုပ်စု၊ ကျေးရွာခွဲ (၁၆) ရွာမှ ရေဘေးရှောင်အိမ်ထောင်စု (၁၀၆၂) စု၊ လူဦးရေ (၃၈၂၀) ဦးအတွက် လူတစ်ဦးလျှင် ဆန်နို့ဆီဗူး (၂) လုံး၊ ဆီ (၂.၂၅) ကျပ်သားစီ (၃) ရက်စာအတွက် မြို့နယ်ဌာနဆိုင်ရာများမှ မိမိတို့တာဝန်ကျရာ ရပ်ကွက်နှင့်ကျေးရွာများသို့ လိုက်လံပေးအပ်ခဲ့ကြသည်။

အမှတ် (၁) ရပ်ကွက် ရတနာပုံရိပ်သာနှင့်ဥယျာဉ်ကြီး၊ အမှတ် (၃) ရပ်ကွက် မြို့ပေါက်ဆိန်နှင့်ဘိုးဘွားရိပ်သာ၊ မကျီးပင်ကွင်းအုပ်စု အ.မ.က (ကညင်ကောက်)၊ အမှတ် (၅) ရပ်ကွက် စပါးဂိုထောင်၊ ရေဂလုတ်အုပ်စု ထူပါရုံ၊ ဒိုးတန်း၊ သဲကုန်၊ ကျုံဖားရိုးအုပ်စု သံဒင်းအိုင်နှင့် ဝက်ချောင်းကျေးရွာများတွင် တစ်ပြိုင်တည်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။


ဝင်းကြိုင်

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)