ခွက်ခေါက် အဆိုတော် မဲမဲကျော်သိန်း ကို အမေရိကန်က ပြည်ဝင်ခွင့်မပေးတော့ပါ - Myanmar National Post

Myanmar National Post

News Agency

Breaking

ခွက်ခေါက် အဆိုတော် မဲမဲကျော်သိန်း ကို အမေရိကန်က ပြည်ဝင်ခွင့်မပေးတော့ပါ


New York မြို့တွင် ကျင်းပရန် စီစဉ်ထားသည့် “Rock & Pop – First Duet Concert” ခွက်ခေါက် ဂီတဖျော်ဖြေပွဲတွင် ပြည်ပြေး အဆိုတော် ၂ဦးဖြစ်သည့် Rဇာနည် နှင့် မဲမဲကျော်သိန်း တို့ သီဆိုဖျော်ဖြေရန် စီစဉ်ထားပြီး မဲမဲကျော်သိန်း ကို အမေရိကန်က ပြည်ဝင်ခွင့်မပေးသဖြင့် ပွဲစီစဉ်သူများက တောင်းပန်ထားသည်။

ပွဲစီစဉ်သူများ၏ ရေးသားဖော်ပြချက်အရ New York မြို့တွင် ကျင်းပရန် စီစဉ်ထားသည့် “Rock & Pop – First Duet Concert” ပွဲကြီးအတွက် ပြည်ပြေး ဝရမ်းပြေး တေးသံရှင်များဖြစ်ကြသော ကိုRဇာနည် နှင့် မဖြူဖြူကျော်သိန်းတို့အား ဖိတ်ကြား၍ အတူတကွ သီဆိုဖျော်ဖြေနိုင်ရေးကို ၂၀၂၆ ခုနှစ် နှစ်ဦးပိုင်းကတည်းက စတင်စီစဉ်ခဲ့ကြောင်း၊ ပြင်သစ်နိုင်ငံ၏ Travel Document ကို တရားဝင်ကိုင်ဆောင်ထားသော မဖြူဖြူကျော်သိန်းအတွက် အမေရိကန်နိုင်ငံက နိုင်ငံခြားသားအနုပညာရှင်များအတွက် သတ်မှတ်ထားသည့် Non-Immigrant Visa အမျိုးအစားဖြစ်သော O-1B Visa ကို New York ရှိ Professional Law Firm တစ်ခု၏ ကူညီဆောင်ရွက်မှုဖြင့် ကြိုတင်လျှောက်ထားခဲ့ကြောင်း၊ ထို့နောက် အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) သို့ Form I-129 ကို Premium Processing ဖြင့် လျှောက်ထားခဲ့ပြီး လအနည်းငယ်အကြာတွင် USCIS ၏ ခွင့်ပြုချက်ဖြစ်သော Form I-797 Approval Notice ကို ရရှိခဲ့ကြောင်း၊ USCIS ၏ ခွင့်ပြုချက်ရရှိပြီးနောက် ပြင်သစ်နိုင်ငံရှိ အမေရိကန်သံရုံးတွင် ဗီဇာအင်တာဗျူးအတွက် Appointment ရယူ၍ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ USCIS ၏ ခွင့်ပြုချက်ရရှိသည့်အချိန်တွင် ပွဲကျင်းပရန် တစ်လကျော်သာ လိုတော့သဖြင့် August 6 ရက်နေ့တွင် ပွဲကြော်ငြာကို စတင်ခဲ့ပြီး August 9 ရက်နေ့ ညနေပိုင်းတွင် ကြိုတင်လက်မှတ်များ စတင်ရောင်းချခဲ့ကြောင်း၊ ၂-၉-၂၀၂၆ ရက်နေ့ အထိ ၉၄% ကျော် ရောင်းချပြီးဖြစ်ကြောင်း သိရသည်။

သို့သော် လက်ရှိ အမေရိကန်နိုင်ငံ၏ ဗီဇာဆိုင်ရာ စိစစ်မှုနှင့် မူဝါဒအခြေအနေများကြောင့် ပါရီမြို့ရှိ အမေရိကန်သံရုံးမှ မဖြူဖြူကျော်သိန်း၏ ခရီးသွားမှုအတွက် လိုအပ်သည့် ဗီဇာကို လတ်တလော ထုတ်ပေးနိုင်ခြင်း မရှိသေးကြောင်း အသိပေးလာခဲ့ကြောင်း၊ မဖြူသည် လက်ရှိအမေရိကန်နိုင်ငံ၏ Visa Ban နိုင်ငံဖြစ်သော မြန်မာ passport ကိုင်ဆောင်ထားသူ မဟုတ်တော့သည့်တိုင် မြန်မာနိုင်ငံမှာမွေးဖွားခဲ့ပြီး၊ မြန်မာနိုင်ငံသား ဖြစ်ခဲ့ဖူးသည့်အတွက်ဟု ပြင်သစ်နိုင်ငံရှိ အမေရိကန် သံရုံးဘက်မှ အကြောင်းပြချက်ပေးသည်ဟု သိရသည်။ 

မဲမဲကျော်သိန်း အမေရိကန်တွင် လာရောက်ဖျော်ဖြေနိုင်ရေး လက်မလျှော့ပဲ အကြိမ်ကြိမ် ထပ်မံကြိုးစားခဲ့သော်လည်း နောက်ဆုံးအချိန်ထိမရခဲ့ကြောင်း၊ မဲမဲကျော်သိန်း နှင့်အတူ NYCBC မှ မျှော်လင့်တကြီး စောင့်စားနေကြသည့် ပရိသတ်များအား အနူးအညွတ် တောင်းပန်အပ်ကြောင်း ရေးသားဖြန့်ဝေထားသည်။

၎င်းတို့၏ ဖော်ပြချက်တွင် ပါရှိသော အချက်အလက်များအရ မဲမဲကျော်သိန်း သည် ပြင်သစ်နိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရရှိသွားပြီဖြစ်သော်လည်း အမေရိကန် က ပြည်ဝင်ခွင့် မပေးခြင်းကြောင့် ခွက်ခေါက် ဂီတဖျော်ဖြေပွဲနှင့် လွဲချော်ခဲ့ရသည်။ ပြည်တွင်း ရှိ နီပိန်း ပဒက်အကြမ်းဖက်အဖွဲ့များကို ကူညီထောက်ပံ့ရန်ဟု ခေါင်းစဉ်အမျိုးမျိုးတပ်၍ ပြည်ပြေး ဝရမ်းပြေးများ ခွက်ခေါက်နေကြသော်လည်း အလွဲသုံးစား လုပ်ခဲ့ကြခြင်းကြောင့် ပြဿနာများ ပေါ်ပေါက်လျက်ရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)