မွန်းလွဲပိုင်းအချိန်တွင် ချင်းပြည်နယ်၊ တီးတိန်မြို၊ မံဆောင်းတံတားဝန်းကျင်အား စက်တင်ဘာ ၁၇ ရက်နေ့က ချင်းအကြမ်းဖက်အဖွဲ့က Drone ဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ရွာသား ၃ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ဒိခ်စန်းမန်၊ ၄၀ နှစ်(ဝဲချိုစောင်း အစထိမှန်) ၊ ကမ်းစန့်ခါလ်၊ ၁၆ နှစ်(ဝဲလက်၊ ညာခြေ အစထိမှန်) ၊ ကျစ်ရှင်းတွောင်၊ ၂၇ နှစ် (ဝမ်းဗိုက် အစထိမှန်) ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရရှိသူများအား တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိသည်။
ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်လာသည့် အကြမ်းဖက်များအား ဒေသခံများက ရွံရှာမုန်းတီးလျက်ရှိပြီး ၎င်းတို့၏ လှုပ်ရှားသွားလာမှုများကို စစ်ကြောင်းများထံ အဆက်မပြတ် သတင်းပေးပို့လျက်ရှိကြောင်း သိရှိရသည်။
#News #Myanmar



No comments:
Post a Comment