ဝါရှင်တန်၊ စက်တင်ဘာ ၂၄
စက်တင်ဘာလ ၂၂ ရက်မှစပြီး နိုင်ငံ့ခေါင်းဆောင်တွေ၊ အစိုးရအကြီးအကဲတွေနဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေက ကမ္ဘာ့ရေးရာနှင့် မိမိနိုင်ငံရဲ့ မူဝါဒရပ်တည်ချက်တွေကို မိန့်ခွန်းပြောကြားတဲ့အစီအစဉ် (General Debate)ကို ကျင်းပလျက်ရှိရာ ထိုင်းနိုင်ငံဝန်ကြီးချုပ် မိန့်ခွန်းတွင် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင် လုပ်ငန်းစဉ်ဖြင့် ဖြေရှင်းနေမှုအပေါ် ထောက်ခံပါကြောင်း ပြောကြားသည်။
ထိုင်းဝန်ကြီးချုပ် အနုတင်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး “ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေ တည်တံ့မှုနှင့် နိုင်ငံ့အရေးကိစ္စတို့ကို မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင် လုပ်ငန်းစဉ်ဖြင့် ဖြေရှင်းနေမှုအပေါ် ထောက်ခံပါကြောင်း၊ ထို့အပြင် အာဆီယံ (ASEAN)အဖွဲ့မှတစ်ဆင့် အပြုသဘောဆောင် ချိန်ညှိ၍ ပြန်လည်ထိတွေ့ ဆက်ဆံမှုများ (constructive and calibrated re-engagement) နှင့် နိုင်ငံတကာ မိတ်ဖက်များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် အနုတင် ၏ ပြောကြားချက်နှင့် ပတ်သက်၍ Think Tank Myanmar က မြန်မာ့အရေးအား ကုလစင်မြင့်မှာ အိမ်နီးချင်းကောင်း ပီသစွာ အပြုသဘောဆောင် ပြောကြားပေးခဲ့လို့ ကျေးဇူးတင်အသိအမှတ်ပြုရပါတယ် ဟု မှတ်ချက်ပြုထားသည်။
#News #Myanmar


No comments:
Post a Comment