ညောင်ဦး၊ စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာတွင်သာမက ပြင်ပဗဟုသုတများကိုလည်း လေ့လာ မှတ်သားနိုင်စေရန် အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး) ပန်းမျိုးတစ်ရာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက အသိပညာပေးဟောပြောပွဲ ကျင်းပကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နီလာဟိန်းက အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးမြို့နယ် ဒုတိယရဲမှူး ဝင်းခိုင်က အွန်လိုင်းလိမ်လည်မှုဆိုင်ရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မဉ္ဇူဖွေးက ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သူနာပြုဆရာမ ဒေါ်ဖြူဖြူခိုင်က AIDS/HIV ကာလသားရောဂါအကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောကြသည်။
ဆက်လက်၍ ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နီလာဟိန်းနှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူ (၂၅၀) ဦးအား ပေါင်မုန့်များဝေငှပေးခဲ့ပြီး အသိပညာပေးဟောပြောပို့ချခဲ့သူများအား ပုဆိုး၊ လုံခြည်များ အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းဝန်းအတွင်း ရောင်းချလျက်ရှိသည့် ရောင်းမုန့်ဈေးဆိုင်များအား သန့်ရှင်းသပ်ရပ်စွာ ရောင်းချခြင်းရှိမရှိ၊ ရက်လွန်မုန့်များ ရောင်းချခြင်းရှိမရှိနှင့် အစားအစာများ ကိုင်တွယ်ရောင်းချသည့်အခါ လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာဆေးကြော၍ ကိုင်တွယ် ရောင်းချကြရန်တို့အား အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း
#News #Myanmar


No comments:
Post a Comment