ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၌ ICT Project ပြိုင်ပွဲ၊ ပြပွဲနှင့် စာတမ်းဖတ်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking


ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၌ ICT Project ပြိုင်ပွဲ၊ ပြပွဲနှင့် စာတမ်းဖတ်ပွဲ ကျင်းပ

 




ဟင်္သာတ၊ စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ကရင်ကျောင်းလမ်းရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ စက်တင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ICT Project ပြိုင်ပွဲ၊ ပြပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနားအား ပြုလုပ်သည်။

အခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ဟင်္သာတမြို့ ဓမ္မဗိမာန်ကျောင်းတိုက်ဆရာတော် အရှင်ဉာဏာလင်္ကာရနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရာက်ခဲ့သည်။

အခမ်းအနား၌ ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြား၍ ကျောင်းသူ/သူများမှ ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ၎င်းနောက် ဒုတိယပါမောက္ခချုပ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်ပညာသင်နှစ် ဘွဲ့ကြိုမောင်မယ်များ၏ ICT Project ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပဉ္စမနှစ်ကျာင်းသား/သူ ၃၉ ဖွဲ့မှ Alumni Network ခေါင်းစဉ်ဖြင့် ပထမဆုရရှိသည့် Supervisor ဒေါက်တာ နှင်းချယ်ရီနှင့် မချစ်ဆုဝေ၊ မောင်အောင်ပြည့်စုံတို့ အဖွဲ့အားလည်းကောင်း၊ Io T-Based Smart Piggery System ခေါင်းစဉ်ဖြင့် ဒုတိယဆုရရှိသည့် Supervisor ဒေါ်စိုးစိုးမွန်နှင့် မောင်မျိုးကိုသက်၊ မောင်အောင်ပြည့်ဖြိုးတို့ အဖွဲ့အားလည်းကောင်း၊ Digital Catalogue System for UCSH Library ခေါင်းစဉ်ဖြင့် တတိယဆုရရှိသည့် Supervisor ဒေါ်ခင်စန်းဝေနှင့် ရွှေရည်ရွှန်းလဲ့၊ ရန်နိုင်စိုးတို့ အဖွဲ့အားလည်းကောင်း ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအား မွန်းလွဲပိုင်းတွင် ပြန်လည်စတင်ခဲ့ရာ ဆုရရှိသည့် ပြိုင်ပွဲဝင်အဖွဲ့များမှ ၎င်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် Project များအား Power Point ဖြင့် ဖတ်ကြားရှင်းလင်းခြင်း၊ Project များအား ပြသခြင်းများ ဆောင်ရွက်ခဲ့ရာ ဟင်္သာတမြို့ရှိ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.က(၄)၊ အ.ထ.က(၅)နှင့် အ.ထ.က(၆) တို့မှ ကျောင်းသား/သူများသည် လာရောက် လေ့လာခဲ့ကြကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)