ဖလမ်းမြို့နယ်တွင် MPT ဆက်သွယ်ရေးကွန်ယက်သုံးဖုန်းလိုင်းများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် FBC ဖလမ်းနှစ်ခြင်းအသင်းတော်ကျောင်းသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking


ဖလမ်းမြို့နယ်တွင် MPT ဆက်သွယ်ရေးကွန်ယက်သုံးဖုန်းလိုင်းများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် FBC ဖလမ်းနှစ်ခြင်းအသင်းတော်ကျောင်းသို့ တက်ရောက်





ဖလမ်း၊ စက်တင်ဘာ ၁၄

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဖလမ်းမြို့သို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတဝန်ကြီး ဦးဝင်းဇော်ဦးနှင့် ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ယမန်နေ့က ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်ရှိ FBC ဖလမ်းနှစ်ခြင်းအသင်းတော်ကျောင်းသို့ သွားရောက်၍ ဖလမ်းမြို့နှစ်ခြင်းအသင်းတော်ဝင် မြို့သူမြို့သားများ အင်အား ၅၀၀ ဦးကျော်၏ ငြိမ်းချမ်းစွာ တနင်္ဂနွေစုပေါင်းဝတ်ပြုဆုတောင်းခြင်း ဘာသာရေးလှုပ်ရှားမူတွင် အတူတကွ ဝတ်ပြုဆုတောင်းပြီး ဖလမ်းနှစ်ခြင်းအသင်းတော်ကျောင်း ဘက်စုံအသုံးပြုရန်အတွက် ဒုတိယဝန်ကြီးက အလှူငွေပေးအပ်လှူဒါန်းရာ အသင်းတော်ဦးစီးနာယကဆရာတော်မှ လက်ခံရယူသည်။

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့တွင် ယမန်နေ့မှစ၍ MPT ဆက်သွယ်ရေးကွန်ယက်လိုင်းများ ပြန်လည်ရရှိပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်းမှ သိရသည်။ ချင်းပြည်နယ်ဖလမ်းမြို့ပေါ်ရှိ မိုဘိုင်းစခန်းအမှတ် CHN00001 သည် ၁၂-၉-၂၀၂၆ ရက်နေ့ မနက်ပိုင်းတွင် VSAT ပေါ်မှတဆင့် ဆက်သွယ်မှုရရှိပြီး ကျန်ရှိနေသော ဖလမ်းမြို့ပေါ်မှ မိုဘိုင်းစခန်းအမှတ် CHN00015 နှင့် တွန်းဇံမြို့ပေါ်ရှိ မိုဘိုင်းစခန်း CHN00150 တို့အား ဆက်သွယ်မှုရှိစေရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍ တွန်းဇံမြို့တွင်လည်း ဆက်သွယ်ရေးလိုင်းများ အမြန်ဆုံးပြန်လည်ရရှိရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ ဝန်ထမ်းများက စက်ပစ္စည်းများ တပ်ဆင်တည်ဆောက်ခြင်းကို ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဖလမ်းမြို့နှင့်တွန်းဇံမြို့များတွင် ဆက်သွယ်ရေး(MPT)လိုင်းများအမြန်ဆုံး ပြန်လည်အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့်ဆက်သွယ်ရေးစက်ပစ္စည်းများကို ရန်ကုန်မြို့မှ ဖလမ်းမြို့နှင့် တွန်းဇံမြို့များသို့ လေယာဉ်၊ မော်တော်ယာဉ်တို့ဖြင့် အဆင့်ဆင့်သယ်ယူပို့ဆောင်ခဲ့ပြီးနောက် ဖလမ်းမြို့တွင် စက်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီးဖြစ်သဖြင့် MPT ဆက်သွယ်ရေးကွန်ယက်လိုင်းများ ပြန်လည်ရရှိသွားပြီးဖြစ်ကာ ဒေသခံဖလမ်းမြို့သူ/သားများ အဆင်ပြေစွာ ဆက်သွယ်ပြောဆိုနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။

ဖလမ်းမြို့သို့ ပြန်လည်ရောက်ရှိလာသော နေရပ်ပြန်ပြည်သူများ၏ MPT SIM ကတ်များ ပြန်လည်အသုံးပြုနိုင်ရေး လိုအပ်ချက်များရှိပါက MPT Own shop ဝန်ထမ်းများက ၁၅-၉-၂၀၂၆ မှစ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယခုအခါ ဖလမ်းမြို့သည် နယ်မြေတည်ငြိမ်အေးချမ်းလာမှုနှင့်အတူ လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်များကူးသန်းရောင်းဝယ်ရေးဖြစ်ထွန်းလာမှုတို့အပြင် ပညာရေး၊ ကျန်းမာရေးနှင့် အစိုးရရုံးဌာနများ ပုံမှန်လည်ပတ်လျက်ရှိပြီး စည်ပင်ဖွံ့ဖြိုးလျက်ရှိသဖြင့် ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိပြီဖြစ်ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)