တွန်းဇံမြို့၌ ဆက်သွယ်ရေးကွန်ရက်သုံး MPT ဖုန်းလိုင်းများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တွန်းဇံမြို့၌ ဆက်သွယ်ရေးကွန်ရက်သုံး MPT ဖုန်းလိုင်းများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်


တွန်းဇံ၊ စက်တင်ဘာ ၂၅

ချင်းပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝအဆင်ပြေချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှု ပြန်လည်ကောင်းမွန်ရေးနှင့် သတင်းအချက်အလက်စီးဆင်းမှု မပြတ်တောက်စေ ရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)အနေဖြင့် ဆက်သွယ်ရေးကွန်ရက်များ ပြန်လည်ရရှိနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ထို့အတူ ချင်းပြည်နယ် တီးတိန်ခရိုင် တွန်းဇံမြို့တွင်လည်း ဆက်သွယ်ရေးကွန်ရက်သုံး MPT ဖုန်းလိုင်းများပြန်လည်ရရှိရေး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ ဝန်ထမ်းများက စက်ပစ္စည်းများ တပ်ဆင်တည်ဆောက်ခြင်းကို ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် စက်တင်ဘာ ၂၃ ရက်မှစ၍ MPT ဖုန်းလိုင်းများ ပြန်လည်အသုံးပြုဆက်သွယ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆက်သွယ်ရေးကွန်ရက်များ ပြန်လည်အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် ဆက်သွယ်ရေးစက်ပစ္စည်းများကို ရန်ကုန်မြို့မှ ဖလမ်းမြို့နှင့် တွန်းဇံမြို့များသို့ လေယာဉ်၊ မော်တော်ယာဉ်တို့ဖြင့် အဆင့်ဆင့်သယ်ယူပို့ဆောင်ခဲ့ပြီးနောက် တွန်းဇံမြို့၌ စက်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ MPT ဆက်သွယ်ရေးကွန်ရက်လိုင်းများ ပြန်လည်ရရှိပြီဖြစ်သဖြင့် ဒေသခံ တွန်းဇံမြို့သူမြို့သားများ အဆင်ပြေစွာ ဆက်သွယ်ပြောဆိုနိုင်ပြီဖြစ်ကြောင်း သိရသည်။


#News #Myanmar  

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)