ဂျပန်နိုင်ငံရှိ ကျူရှူးကျွန်းတွင် အမေရိကန်နိုင်ငံထုတ် Typhon အမျိုးအစား မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များ ဖြန့်ကြက်မှုကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်အစိုးရထံ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း စက်တင်ဘာလ ၁၈ ရက်တွင်ပြောသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါကန့်ကွက်စာကို စက်တင်ဘာလ ၃ ရက်တွင် မော်စကိုမြို့နှင့် တိုကျိုမြို့တို့ရှိ ဂျပန်တာဝန်ရှိသူများထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ ကပြောသည်။ Typhon စနစ်များဖြန့်ကြက်ထားခြင်းသည် ရုရှား၏ အမျိုးသားလုံခြုံရေးအပြင် ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ခြိမ်းခြောက်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။
ထို့နောက် ဂျပန်နိုင်ငံအနေဖြင့် ထိုဒုံးကျည်စနစ်များ ဖြန့်ကြက်ထားမှုကိုရပ်တန့်ပြီး ဒုံးကျည်များကိုဖယ်ရှားရန် ရုရှားဘက်ကတောင်းဆိုထားသည်။
Typhon အမျိုးအစား ဒုံးကျည်စနစ်သည် တာလတ်နှင့်တာတိုပစ် ဒုံးကျည်များကို ပစ်လွှတ်နိုင်သည့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံတွင်ယင်းစနစ်များဖြန့်ကြက်ချထားမှုအပေါ် ရုရှားကလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ထုတ်ဖော်ပြောထားခြင်းဖြစ်ကြောင်းသိရသည်။
Ref: Sputnik
#News #Myanmar

No comments:
Post a Comment