ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ ကြီးမှူး၍ (၃၈)ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ပြည်သူ့နီတိနှင့် ယဉ်ကျေးလိမ္မာ သင်ကြားနိုင်ရေးအတွက် သင်ထောက်ကူပစ္စည်းများ၊ (၃၈)ဖြာမင်္ဂလာတရားတော်စာအုပ်များနှင့် ပြည်သူ့နီတိစာအုပ်များအား စက်တင်ဘာလ (၉)ရက် ဗုဒ္ဓဟူးနေ့၊ နေ့လည်(၁၂:၃၀)နာရီအချိန်တွင်အမှတ် (၁၈)ရပ်ကွက်၊ အ.ထ.က (၁၆) နှင့် (၁:၃၀) နာရီအချိန်တွင် အ.ထ.က (၁၃) ကျောင်းများသို့ သွားရောက်လှူဒါန်း ပေးအပ်ခဲ့သည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် YMBA မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ချစ်ကိုကိုနှင့် အလုပ်အမှုဆောင်များ၊ EC အဖွဲ့ဝင်များ၊ ထန်းတပင်မြို့နယ် အတွင်းရေးမှူး ဦးရန်လင်းအောင်နှင့် အမှတ် (၁၈) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်တို့ မှ သွားရောက်၍ လှူဒါန်းခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ် ဆရာ/မကြီးများနှင့် တွေ့ဆုံကာ ကျောင်းသား/သူများအား အကျင့်စာရိတ္တကောင်းမွန်ပြီး ယဉ်ကျေးလိမ္မာသော သားကောင်းရတနာများဖြစ်လာစေရန် ရည်ရွယ်၍ (၃၈) မင်္ဂလာတရားတော်များသင်ကြားမည့် အစီစဉ်များကို ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့သည်။
#News #Myanmar




No comments:
Post a Comment