စံနမူနာကောင်းများကို အတန်းများတွင် ပြန်လည်အသုံးချ၍ အခြေခံပညာကဏ္ဍ စစ်ဆေးအကဲဖြတ်သည့်စနစ် ပိုမိုကောင်းမွန်အောင် ကြိုးစားအားထုတ်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စံနမူနာကောင်းများကို အတန်းများတွင် ပြန်လည်အသုံးချ၍ အခြေခံပညာကဏ္ဍ စစ်ဆေးအကဲဖြတ်သည့်စနစ် ပိုမိုကောင်းမွန်အောင် ကြိုးစားအားထုတ်ဆောင်ရွက်


နေပြည်တော်၊ အောက်တိုဘာ ၄

Grade-5 နှင့် Grade-9 မေးခွန်းများကို ခရိုင်အလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြုစုပြီး စာမေးပွဲစစ်ဆေးကြရာတွင် ဒေသတစ်ခုနှင့်တစ်ခု မေးခွန်းအရည်အသွေးနှင့် စံနှုန်းကွာဟမှုမဖြစ်စေရေးကို အလေးထားဆောင်ရွက်ကြရန်လိုပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသည့် နားလည်မှုနှင့် စံနှုန်းများကို ဆက်လက်မျှဝေပေးကြရန်နှင့် ရရှိလာသည့် စံနမူနာကောင်းများကို အတန်းများတွင် ပြန်လည်အသုံးချ၍ အခြေခံပညာကဏ္ဍ စစ်ဆေးအကဲဖြတ်သည့်စနစ် ပိုမိုကောင်းမွန်အောင် ကြိုးစားအားထုတ်ဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က တိုက်တွန်းပြောကြားသည်။

ယမန်နေ့က ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hug တွင် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် အမျိုးသားပညာရည်စစ်ဆေးအကဲဖြတ်ခြင်း လမ်းညွှန်ချက်များ ရှင်းလင်းဆွေးနွေးခြင်း သင်တန်းဆင်းပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက ထိုသို့ တိုက်တွန်းပြောကြားခဲ့ပြီး သင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

မွန်းလွဲပိုင်းတွင် ဗဟန်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ လသာမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုအခြေအနေများနှင့် ကျောင်းစာကြည့်တိုက်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)