အောက်တိုဘာ - ၄ ( တနင်္ဂနွေနေ့ )
"အီရန်ဟာ နျူလက်နက်မပြန့်ပွားရေးစာချုပ် (NPT) မှာ ပါဝင်ထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တာကြောင့် ငြိမ်းချမ်းတဲ့ နျူကလီးယားအစီအစဉ်ကို ဆောင်ရွက်ပိုင်ခွင့်ရှိတယ်လို့ ဘေကျင်း (တရုတ်အစိုးရ) က ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဆန်းလေ့ က ကြာသပတေးနေ့မှာ ကျင်းပခဲ့တဲ့ အထွေထွေညီလာခံမှာ အခုလို ထုတ်ဖော်ပြောဆိုခဲ့တာပါ။
ဗီတိုအာဏာသုံးစွဲမှုနဲ့ ပတ်သက်တဲ့ အထွေထွေညီလာခံ အစည်းအဝေးမှာ ဆန်းလေ့က 'အီရန်ဟာ NPT စာချုပ်ဝင် နျူကလီးယားလက်နက်မရှိတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် မထုတ်လုပ်ရဘူးဆိုတဲ့ ကတိကဝတ်ကို လိုက်နာရမှာဖြစ်သလို၊ စွမ်းအင်ကို ငြိမ်းချမ်းစွာ( အရပ်ဘက်) အသုံးပြုခွင့်ရှိတဲ့ သူ့ရဲ့ တရားဝင်အခွင့်အရေးကိုလည်း လေးစားလိုက်နာပေးရပါမယ်' လို့ ပြောကြားခဲ့ပါတယ်။
ဒီဆွေးနွေးပွဲဟာ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုဆိုင်ရာ ကုလသမဂ္ဂ စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ သက်တမ်းကို တိုးမြှင့်ဖို့ အမေရိကန်က တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို တရုတ်နဲ့ ရုရှားတို့က စက်တင်ဘာလတုန်းက ဗီတိုအာဏာသုံးပြီး ပိတ်ပင်ခဲ့ပြီးတဲ့နောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
အဆိုပါ စောင့်ကြည့်လေ့လာရေးအဖွဲ့ဟာ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ( အီး၃)တို့ က အီရန်အပေါ် ပိတ်ဆို့အရေးယူမှု တွေ ပြန်လည်စတင်ဖို့ စက်တင်ဘာလတုန်းက စတင်ကျင့်သုံးခဲ့တဲ့ (လက်တုံ့ပြန်) နည်းလမ်းအရ ပြန်လည်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ ရုရှားတို့ကတော့ အဲ့ဒီ (လက်တုံ့ပြန် ) လုပ်ငန်းစဉ်ဟာ ဥပဒေကြောင်းအရ တရားမဝင်သလို ပိတ်ဆို့အရေးယူမှုတွေဟာလည်း ပြန်လည်သက်ဝင် လာတာ မရှိဘူးလို့ ရပ်တည်ပြောဆိုထားပါတယ်။
ဆန်းလေ့ရဲ့ ပြောကြားချက်အရ တရုတ်နိုင်ငံဟာ 'မှန်တာနဲ့ မှားတာကို စနစ်တကျ မှန်ကန်စွာ နားလည်သဘောပေါက်စေဖို့'၊ အီရန်နျူကလီးယားပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမှုကို ထောက်ခံဖို့၊ လက်နက်မပြန့်ပွားရေးဆိုင်ရာ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့နဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မြှင့်တင်ဖို့အတွက် သူ့ရဲ့ ဗီတိုအာဏာကို အသုံးပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး အခြေအနေတွေ အတားအဆီးဖြစ်နေရတာဟာ ဝါရှင်တန် (အမေရိကန်) က JCPOA သဘောတူညီချက်ကနေ တစ်ဖက်သတ် နှုတ်ထွက်ခဲ့တာကြောင့် ဖြစ်သလို၊ အီး၃ နိုင်ငံတွေဘက်ကလည်း လက်တုံ့ပြန် နည်းလမ်းကို မသုံးမီ သံတမန်ရေးအရ အစွမ်းကုန် ကြိုးပမ်းရမယ့် နည်းလမ်းတွေကို ထိရောက်စွာ အသုံးမချခဲ့တာကြောင့် ဖြစ်တယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
၂၀၁၅ ခုနှစ် သဘောတူညီချက်အရ အီရန်ဟာ ပိတ်ဆို့အရေးယူမှုတွေ လျှော့ပေါ့ပေးတာကို သဘောတူညီမှု ရယူတဲ့အနေနဲ့ သူ့ရဲ့ နျူကလီးယား သန့်စင်မှု လုပ်ငန်းစဉ်တွေကို လျှော့ချဖို့ သဘောတူခဲ့တာပါ။ ဒါပေမဲ့ သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ပထမ သမ္မတသက်တမ်းဖြစ်တဲ့ ၂၀၁၈ ခုနှစ်မှာ အမေရိကန်ကို ဒီသဘောတူညီချက်ထဲကနေ နှုတ်ထွက်စေခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်စတင်ခဲ့ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment