အစိုးရအနေဖြင့် သူခိုးကျော်မိုးထွန်း ကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန် ပျက်ကွက်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရအနေဖြင့် သူခိုးကျော်မိုးထွန်း ကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန် ပျက်ကွက်နေ


 

နိုင်ငံခြားရေးဝန်ကြီးဌာန က၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှာ "ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သော ကျော်မိုးထွန်း၏ တရားမဝင် လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်" အနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာက -

ကျော်မိုးထွန်းသည် နိုင်ငံတော်မှ ပေးအပ်သောအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ သံတမန်ကျင့်ဝတ်ပျက်ယွင်းစွာ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ တရားမဝင် အဖွဲ့အစည်းများအား သစ္စာခံကိုယ်စားပြုလှုပ်ရှားခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ ၎င်းအား နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ် (Dismissal) ခဲ့ပြီး ဖြစ်ကြောင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီးဖြစ်သော်လည်း ကျော်မိုးထွန်းသည် နယူးယောက်မြို့ရှိ နိုင်ငံတော်ပိုင် အဖွဲ့ရုံးရှိ ရုံးခန်းနေရာ၊ ရုံးအကြီးအကဲနေအိမ်နှင့် နိုင်ငံတော်ပိုင် မော်တော်ယာဉ်စသည့် နိုင်ငံတော်ပိုင်ပစ္စည်းများကို ဆက်လက်အသုံးပြုလျက်ရှိကြောင်း တွေ့ရှိရကြောင်း၊ ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နယူးယောက်မြို့၊ Bank of America ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၏ ဘဏ်ငွေစာရင်းတွင် နိုင်ငံပိုင်ဘဏ္ဍာငွေမှာ အမေရိကန် ဒေါ်လာ ၂.၇၆ သန်းနှင့် ယူရို ၃၈၂၃၃.၆၂ ကျန်ရှိကြောင်း သိရှိရသည်။ အဆိုပါ လက်ကျန်ဘဏ္ဍာငွေများကို နိုင်ငံတော်၏ ခွင့်ပြုချက်မရရှိဘဲ ထုတ်ယူသုံးစွဲခြင်း၊  ၎င်း၏ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သို့ပါ၍ ကျော်မိုးထွန်းအနေဖြင့် ဘဏ်တွင်ရှိသော နိုင်ငံပိုင်ဘဏ္ဍာငွေများကို မည်သည့်ခေါင်းစဉ်များဖြင့် သုံးစွဲထားသည်ကို အထောက်အထားများနှင့်တကွ ရှင်းလင်းရန် လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဆက်လက်ပြီး ကျော်မိုးထွန်းသည် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသော NUG နှင့် CRPH အဖွဲ့တို့နှင့်  တိုက်ရိုက်ဆက်သွယ်ကာ ၎င်းတို့၏ သစ္စာခံ ကိုယ်စားလှယ်အဖြစ် လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း၊ ကုလသမဂ္ဂစင်မြင့်ကို အလွဲသုံးစားပြုကာ အွန်လိုင်းပေါ်တွင် ပုံရိပ်ယောင်တရားဝင်မှုပြသပြီး NUG အတွက် အလှူငွေကောက်ခံရန် ဝါဒဖြန့်လက်နက်တစ်ခုအဖြစ် လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်း အပြစ်မဲ့ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် တရားမဝင် အကြမ်းဖက်လှုပ်ရှားမှုများကို နိုင်ငံတကာစင်မြင့်၌ ဖုံးကွယ်ကာကွယ်ပေးခြင်း၊ လှုံ့ဆော်အားပေးခြင်းတို့ဖြင့် အကြမ်းဖက်လုပ်ရပ်များတွင် တိုက်ရိုက်ကြံရာပါအဖြစ် ဆက်လက်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊  ဖော်ပြပါ လုပ်ရပ်များနှင့်ပတ်သက်၍ ကျော်မိုးထွန်းအား နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုအတွက် ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၂) ဖြင့် ဒက္ခိဏခရိုင်တရားရုံးတွင် ရာဇဝတ်မှုအမှတ် (၃၂/၂၀၂၁) ဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဝရမ်းထုတ်ဆင့်ထားရှိပြီး ဖြစ်ကြောင်း၊ ထို့ပြင် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁)၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆ (၁) နှင့် ရာဇသတ်ကြီးပုဒ်မ ၁၂၄-က တို့အရ အရေးယူဆောင်ရွက်ထားရှိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တို့အရ ထပ်မံတရားစွဲဆိုပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဆောက်ရွက်လျက်ရှိတဲ့ အခြေအနေနဲ့ ပတ်သက်လို့ လက်ရှိတွင် ကျော်မိုးထွန်းအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ တို့အရ တရားခံပြေးအဖြစ် ကြေညာ၍ တရားရုံးအမိန့်များ ထုတ်ဆင့်ထားရှိပြီး INTERPOL နှင့် United States National Central Bureau (USNCB) တို့မှတစ်ဆင့် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးနှင့်ပူးပေါင်းကာ အမေရိကန်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်အရေးယူနိုင်ရေး သံတမန်လမ်းကြောင်းမှ ဆက်လက်ဆောင်ရွက်ရန်ရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုသို့ ထုတ်ပြန်ထားပြီးဖြစ်သော်လည်း ကုလသမဂ္ဂမှာ သူခိုးကျော်မိုးထွန်း သည် တက်လို့ရသမျှ အခမ်းအနားတွေကို တက်ပြီး မြန်မာပြည်ပုံရိပ်ကို ထိပါးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုခေါင်းစဉ်ဖြင့် အထွေထွေမိန့်ခွန်းပြောကြားမှု အစီအစဉ်မှာ ပါဝင်ပြောကြားခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ သူခိုးကျော်မိုးထွန်း ရဲ့ သတင်းအဖြစ် ထုတ်ပြန်ချက် မှာဆိုရင် -

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယခုအခါ မတရား စစ်အာဏာသိမ်းမှု (၅) နှစ်ကျော် ကြာမြင့်လာပြီးနောက် မြန်မာနိုင်ငံတွင် အဘက်ဘက်၌ အကျပ်အတည်းပေါင်းစုံ ဖြစ်ပေါ်နေကြောင်း၊ ပြည်သူများအနေဖြင့်လည်း စစ်အုပ်စုကြောင့် ၎င်းတို့၏ အခြေခံ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးများ ဆုံးရှုံးကာ ခက်ခဲသော အခြေအနေများသို့ ကျရောက်နေ၊ မြန်မာပြည်သူများအနေဖြင့် စစ်အုပ်စုမှ စနစ်တကျ ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဆင်အခြင်ကင်းမဲ့သော လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှုများနှင့် စာသင်ကျောင်းများနှင့် ဆေးရုံများ အပါအဝင် အရပ်ဘက် အဆောက်အဦများအား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုများကို ခံစား၊ ရင်ဆိုင်၊ တွေ့ကြုံနေရ၊ စစ်အုပ်စု၏ အဓမ္မတပ်သားစုဆောင်းမှုနှင့် နိုင်ငံတစ်နံတစ်လျား ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကြောင့် လူငယ်များ၏ အနာဂတ်များ ဖျက်ဆီးခံထားရ၊ မရေရာမှုများနှင့် ထိရှလွယ်မှုတို့က နေ့စဉ်ဘဝဖြစ်တည်မှု ဖြစ်လာခဲ့ပြီး ယင်းအခြေအနေအကြား ခက်ခက်ခဲခဲ ရှင်သန်ရုန်းကန်နေရခြင်းမှာ မြန်မာပြည်သူများ ဖြတ်သန်းနေရသည့် ခါးသီးသော အမှန်တရားပင်ဖြစ်၊ မြန်မာနိုင်ငံတွင်ရှိသော စစ်အုပ်စုသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတို့ကို အလုံးစုံ ချိုးဖောက်ကာ ကြီးလေးသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်တို့အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားမိတ်ဖက်များနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် မြန်မာနိုင်ငံတွင် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအား ကာကွယ်ရန်၊ ဆောင်ကျဉ်းပေးရန်နှင့် တည်ဆောက်ရန် လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိ၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဤနှစ်ချက်၏ ရှင်းလင်းသော ကွာခြားချက်နှင့် ပြည်သူများအား အကြမ်းဖက် ရန်စောင်နေသည့် စစ်အုပ်စုသည် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မိတ်ဖက်မဖြစ်နိုင်သည့်အချက်တို့ကို ကောင်းစွာ သတိပြုရန် တောင်းဆိုလိုကြောင်း၊ ထို့အပြင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်အုပ်စုအား လက်မခံ ငြင်းပယ်ရေး၊ ရက်စက်ကြမ်းကြုတ်မှုများအား ကျူးလွန်သည့် တရားခံများအား တာဝန်ခံစေရေးနှင့် မြန်မာပြည်သူများမှ တရားမျှတမှု၊ လူသားဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတို့အား ဖော်ဆောင်ရာတွင် မားမားမတ်မတ် ရပ်တည်ပေးရေးဟူသော အချက် (၃) ချက်ကို အရေးတကြီး အရေးယူ လုပ်ဆောင်ပေးရန် တောင်းဆိုလိုပါကြောင်း ပြောကြားခဲ့ကြောင်း ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

သူခိုးကျော်မိုးထွန်း ရဲ့ ထုတ်ပြန်ချက်ဟာ လက်ရှိရွေးကောက်ခံအစိုးရ နဲ့ တပ်မတော်ရဲ့ ပုံရိပ်ကို ထိခိုက်ရုံမျှမက NUG အကြမ်းဖက်အဖွဲ့ကို အစိုးရသဖွယ် ရည်ညွှန်းသုံးနှုန်းပြောဆိုနေတာကို တွေ့ရပါတယ်။ 

ကျော်မိုးထွန်းသည် နိုင်ငံတော်မှ ပေးအပ်သောအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ သံတမန်ကျင့်ဝတ်ပျက်ယွင်းစွာ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ တရားမဝင် အဖွဲ့အစည်းများအား သစ္စာခံကိုယ်စားပြုလှုပ်ရှားခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ ၎င်းအား နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ် (Dismissal) ခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့် ကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး အနေနဲ့ မြန်မာပြည်သူများကို ကိုယ်စားမပြုဘဲ အကြမ်းဖက်အဖွဲ့အစည်းများကို ကိုယ်စားပြုပြီး အကြမ်းဖက်လုပ်ရပ်များကို လိမ်ညာဖုံးကွယ်ပြီး အစိုးရနဲ့ တပ်မတော်ရဲ့ အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းစဉ်များကို ကမ္ဘာ့နိုင်ငံများက အထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးပြောဆိုနေတာတွေက အန္တရာယ်ကြီးမားလွန်းပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန က၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ သတင်းထုတ်ပြန်ချက် နိဂုံးပိုင်းမှာ -

ကျော်မိုးထွန်းသည် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ကိုယ်စားပြုမှု ဆက်လက်ရရှိနေခြင်းမှာ တရားဝင်အသိအမှတ်ပြုခံရခြင်း မဟုတ်ဘဲ ခန့်အပ်လွှာစိစစ်ရေးကော်မတီ (Credentials Committee) ၏ ဆုံးဖြတ်ချက်ကို နှစ်စဉ်ဆိုင်းငံ့ထားခြင်း (Deferral) အပေါ် အခြေခံသည့် ယာယီအခြေအနေသာ ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကျော်မိုးထွန်းအား မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှု/တရားဝင်ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်ရုပ်သိမ်းထားပြီး ဖြစ်ပါကြောင်းနှင့် ၎င်း၏ တရားမဝင်ထုတ်ပြန်ချက်များ၊ လှုံ့ဆော်မှုများသည် မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူတစ်ရပ်လုံး၏ သဘောထားမဟုတ်ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနှင့် သံတမန်ဆက်ဆံရေးရှိသော အစိုးရများအားလုံးထံ လေးနက်စွာ အသိပေးထုတ်ပြန်အပ်ပါကြောင်း ဖော်ပြထားသည့်တိုင်အောင် သူခိုးကျော်မိုးထွန်း ရဲ့ တရားမဝင် လုပ်ရပ်တွေကို ရပ်တန့်နိုင်ခြင်း မရှိတာက ရွေးကောက်ခံအစိုးရတစ်ရပ်ရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်စရာများ ဖြစ်စေပါတယ်။

ယခုလို တိုင်းပြည်တွင်း ဖြစ်ပေါ်လျက်ရှိတဲ့ အခြေအနေမှန်ကို မျက်ကွယ်ပြုပြီး အကြမ်းဖက်အဖွဲ့များကို အကာအကွယ်ပေးကာ ကုလသမဂ္ဂအစည်းအဝေးများမှာ တက်ရောက်ပြီး မြန်မာ့ပုံကို ဖျက်ဆီးနေသူတစ်ဦးအား မြန်မာပြည်သူများ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအနေနဲ့က ထိရောက်စွာ အရေးယူပေဖို့ လိုအပ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ပျက်ကွက်ခြင်းဟာ ပြည်သူများရဲ့ ဆန္ဒကို မလေးစားရာ ရောက်ပါတယ်။ ကုလသမဂ္ဂ အနေနဲ့ အစိုးရက တရားဝင်ခန့်အပ်ထားခြင်းမရှိသော ပုဂ္ဂိုလ်တစ်ဦးကို လက်ခံထားပြီး မဟုတ်မမှန် ပြောကြားမှုများကို လက်ခံခွင့်ပြုပေးနေခြင်းဟာလည်း မြန်မာနိုင်ငံအပေါ်မှာ အလွန်းအမင်း ကောက်ကျစ်ယုတ်မာလွန်းတဲ့ လုပ်ရပ်ဖြစ်တာကြောင့် သူခိုးကျော်မိုးထွန်း ကို ကုလသမဂ္ဂအနေနဲ့ ဆက်ပြီး လက်ခံထားမယ်၊ အကြမ်းဖက်အားပေး လုပ်ခွင့်ပြုထားမယ်ဆိုရင် ကုလသမဂ္ဂအဖွဲ့အစည်းကိုယ်တိုင်က CRPH, NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများကို အားပေးအားမြှောက် ပြုလုပ်နေခြင်းပဲ ဖြစ်တဲ့အတွက် ကုလသမဂ္ဂကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင် တုန့်ပြန်ရမှာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်အရ သူခိုး ကျော်မိုးထွန်း ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ ၎င်းအား နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ် (Dismissal) ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပေမယ့်လည်း ယနေ့အချိန်အထိ သူခိုးကျော်မိုးထွန်း ကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိတာကတော့ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်ရဲ့ တာဝန်ပျက်ကွက်မှုဖြစ်ကြောင်း၊ သူခိုး ကျော်မိုးထွန်း ကို အမြန်ဆုံး ဖမ်းဆီးအရေးယူဆောင်ရွက်ပေးနိုင်ပါရန် တာဝန်ရှိသူများအား အလေးအနက် တိုက်တွန်းတောင်းဆိုလိုပါတယ်။


နောင်တော်လေး (ဘိုကလေး)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)