ဂန့်ဂေါမြို့တွင် မွေးစမှအသက်ငါးနှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါမြို့တွင် မွေးစမှအသက်ငါးနှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး





ဂန့်ဂေါ၊ အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာလ(၁)ရက်နေ့မှစတင်၍ မွေးစမှအသက်ငါးနှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံတိုက်ကျွေး ပေးလျက်ရှိသည်။

ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးရာတွင်  မွေးစမှအသက်ငါးနှစ်အောက် ကလေးငယ်များ အား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး၊ ပိုလီယိုအကြောသေကာကွယ်ဆေး (သောက်ဆေး/ ထိုးဆေး)၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေးများကို ကလေးများ၏ အသက်အရွယ်အပိုင်းအခြားအလိုက် သတ်မှတ်အကြိမ်ရေအတိုင်း ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့-မေးခိုင် ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းဖြစ်သည်။  

ထိုသို့ ကာကွယ်ဆေးများထိုးနှံရာသို့ ဂန့်ဂေါမြို့ပေါ်ရှိရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာ များမှ အောက်တိုဘာ(၁)ရက်နေ့မှ(၂)ရက်နေ့အထိ မွေးစမှအသက်ငါးနှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်(၆၃)ဦးလာရောက်၍ ထိုးနှံခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်း ဦးဆောင်သည့် ကျန်းမာရေးဌာနမှဝန်ထမ်းများက မွေးစမှအသက်ငါးနှစ်အောက် ကလေး ငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အောက်တိုဘာလ(၁)ရက်နေ့မှ (၅)ရက်နေ့အထိ နံနက်(၈)နာရီမှ (၁၂)နာရီထိ လည်းကောင်း၊ နေ့လယ်(၁)နာရီမှညနေ(၃)နာရီအထိ လည်းကောင်း ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မျိုးမင်း

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)