မန္တလေး၊ အောက်တိုဘာ ၃၀
စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီးစီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်ပုံစံ(၁၂) ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ ကျေးဇူးတင်စကားပြောကြားပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးတို့က နုတ်ထွက်မည့် စစ်သည် (ပြည်သူ့စစ်မှုထမ်း)များအား ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် အစိုးရအဖွဲဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိကြီးများ၊ မန္တလေးတပ်နယ်မှ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် စစ်သည်/စစ်သမီးများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ ပြည်သူ့စစ်မှုထမ်းများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
#News #Myanmar









No comments:
Post a Comment