စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း စစ်သည်များအား ပြည်သူ့စစ်မှုထမ်းတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပြည်သူ့စစ်မှု ထမ်းဆောင်ပြီးကြောင်းလက်မှတ်ပုံစံ(၁၂)များ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း စစ်သည်များအား ပြည်သူ့စစ်မှုထမ်းတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပြည်သူ့စစ်မှု ထမ်းဆောင်ပြီးကြောင်းလက်မှတ်ပုံစံ(၁၂)များ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်












စစ်တွေမြို့၊ အောက်တိုဘာ ၃၀

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်အသီးသီးတွင် စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း စစ်သည် ၃၈ ဦးတို့အား ပြည်သူ့စစ်မှုထမ်းတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ (၁၂)များ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ၂ဝ၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေတပ်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါက်တာ စန်းရွှေ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဇော၊ ပြည်နယ် ဝန်ကြီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ ပြည်သူ့စစ်မှုထမ်းစစ်သည်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့က စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ငွေ၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ထောက်ပံ့ပစ္စည်းများနှင့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ(၁၂)များ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပြည်သူ့စစ်မှုထမ်း စစ်သည်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။ 

ယင်းနောက် နယ်မြေခံတပ်ရင်းရှိ စားရိပ်သာတွင် နံနက်စာအတူတကွ သုံးဆောင်ကြကြောင်း သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)