ကျိုက်ထို၊ အောက်တိုဘာ ၁၇
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားပွဲတော် ဖွင့်ပွဲအားသီတင်းကျွတ်လပြည့် နေ့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်ကျိုက်ထီးရိုးဘုရားသို့ပို့ဆောင်ပေးမည့် တောင်တက်မော်တော်ယာဉ်များကြံ့ခိုင်မှု ရှိ/မရှိ စစ်ဆေးမှုကို အောက်တိုဘာ ၁၇ ရက်နံနက်ပိုင်းတွင် ဘုရားသုံးဆူထိုင်တော်မူဘုရားတောင်ခြေ၌ပြုလုပ်ခဲ့သည်။
ယင်းသို့ပြုလုပ်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ််ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ တောင်တက်မော်တော်ယာဉ်အသင်းဥက္ကဋ္ဌဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များတို့မှ တွေ့ဆုံညှိနှိုင်းပြီး ဘုရားဖူးပြည်သူများအန္တရာယ် ကင်းရှင်းစွာဖြင့် စိတ်ချမ်းသာစွာဖူးမြော်နိုင်ရန် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါယာဉ်ကြံ့ခိုင်မှုစစ်ဆေးရာတွင် သထုံခရိုင်ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်တင်တင်အေး၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းမင်းလတ်၊ ပြည်နယ်လက်ထောက်အင်ဂျင်နီယာ ဦးသူရဆန်း၊ ကျိုက်ထို
မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ထွန်းလွင်ဦး၊ ယာဉ်လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်တို့မှ တောင်တက်မော်တော်ယာဉ် (၁၅၂)စီးအား စတီယာတိုင်၊ အင်ဂျင်ပါဝါ၊ တာယာ၊ ရှေ့မီး၊ နောက်မီး၊ ဘရိတ်မီး၊ မော်တော်ယာဉ်ကြမ်းခင်း၊ခရီးသည်များသက်တောင့်သက်သာထိုင်စီးနိုင်ရန်ထိုင်ခုံများအားအသေးစိတ်စစ်ဆေးခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုး
#Myanmar #News




No comments:
Post a Comment