မြေကြီး နှင့် ပြည်သူ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြေကြီး နှင့် ပြည်သူ


 

မြေကြီး နှင့် ပြည်သူ


သမိုင်းအစဉ်အလာတွေနဲ့

နှိုင်းယှဉ်ကာ စာတင်ကြတယ်

ဟောဒီ မြန်မာ့မြေ။


သူ့ကျွန်ဘဝရောက်တော့

ထကြွကာပုန်ကန်

ကြွေးကြော်သံက "သခင်မျိုးဟေ့ ဒို့ဗမာ"။


လွတ်လပ်ပြီ မမှတ်ကြနဲ့

သူ့ကျွန်ထက်ဆိုးတာက

အချင်းချင်းကျွန်ပြုနေကြတာ

ခေါင်းတောင်မဖော်နိုင်ဘူး။


မြေပေါ်မှာစိုက်တော့

ရွှေဝါရောင်စပါး

မြေအောက်က နှိုက်တူးထုတ်ရင်

ရတနာ ရွှေ ငွေ။


အဖိုးတန် သယံဇာတတွေနဲ့

အမျိုးမှန် မြန်မာမျိုးတွေ

မြေကြီးကို အမှီပြုပြီး မော်ကာကြွားတယ်

ဒို့ပြည်ကြီး မဆင်းရဲဘူး

မြေပေါ်မြေအောက်

သယံဇာတတွေနဲ့ပေါ့။


ကြွားချင်တိုင်း ကြွားနေတဲ့ မြန်မာတွေ

သူတို့ကိုယ်တိုင်မှာတော့ဖြင့်

မနက်စာ မနက်၊ ညစာ ည

ရှာရတာ ဖတ်ဖတ်မောလို့။


ပေါလွန်းတဲ့ သယံဇာတတွေကို

အစဉ်အဆက် နှိုက်ထုတ်သွားလိုက်ကြတာ

ခင်ဗျားတို့ ကျွန်တော်တို့ 

ပြည်သူတွေ ခံစားခွင့်ရလို့လား။


အခုကြည့်ကြအုံး

စိုက်ပျိုးစားသောက်နေတဲ့မြေကို

တိုင်းပြည်ကြီး တိုးတက်ဖို့လည်း ဆိုရဲ့

ဖွံ့ဖြိုးရေးလို့လည်း ပြောကြပြန်တယ်

ပြည်သူတွေ အငတ်ခံပြီး

လူတစ်စုကြွယ်ဝရုံနဲ့

တိုးတက်ပြီ ဆိုကြမှာလား။


ပြောလိုက်ပါရစေ

ရွှေသီးတဲ့ မြေကြီးပေါ်က

ရွှေမြန်မာ ပြည်သူအပေါင်းတို့

ရှာချင်တဲ့ရန်ကို ရှာပါစေ

ဟောဒီမြေကြီးပေါ်က

မောင်းထုတ်တဲ့ ရန်ကိုတော့

အကြောက်တရားကို ဖျောက်

မြေကြီးကို စောင့်ရှောက်ကြပေတော့။   ။


နောင်တော်လေး (ဘိုကလေး)

(ဦးနေမျိုးဝေနှင့်အတူ လယ်ယာမြေသိမ်းဆည်းခံရမှုများအရေး လိုက်ပါ ကူညီဆောင်ရွက်ခဲ့စဉ်က ၂၀၁၂ ခုနှစ်၊ သြဂုတ်လထုတ် ဒိုင်ဗားစတီး စာစဉ် (၂၀) တွင် ရေးသားဖော်ပြခဲ့သော ကဗျာ တစ်ပုဒ်ကို အမှတ်တရ ပြန်လည် ဖော်ပြပါသည်။)

#Myanmar #News 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)