နေပြည်တော်၊ အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ရေလှောင်တမံ၏ တမံပေါင်နိမ့်ကျမှုကြောင့် အရေးပေါ်ရေပိုလွှဲမှဆည်ရေများ လျှော့ချလျက်ရှိပြီး ရေလှောင်တမံ၏ ဆင်ခြေလျှောနိမ့်ကျမှုအား ပြန်လည်ပြုပြင်ခြင်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိသည်။
တမံ၏ အထက်ရေပြင်နှင့်ထိစပ်အပိုင်းမှစ၍ တမံလျော့အိကျနေရာတစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့်ရေလှိုင်းရိုက်ခတ်ခြင်းဒဏ်မခံရစေရန်အတွက် မိုးရေကာဖျင်များ စနစ်တကျအုပ်မိုးကာကွယ်ခြင်း၊ တမံလျော့အိကျမှုအားကာကွယ်ထိန်းသိမ်းရန်နှင့် တမံအောက်ခြေဆင်ခြေလျှော၏ အပြင်ဘက်မှတမံတာအောက်ခြေအား ပိုမိုခိုင်မာတောင့်တင်းမှုရှိစေရန် မြေသားတမံပုံစံဆောင်ရွက်ခြင်းတို့ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများပူးပေါင်းကာ စက်ယန္တရားများအသုံးပြု၍ ယမန်နေ့က အင်တိုက်အားတိုက်ဆက်လက်ဆောင်ရွက်ပေးလျက် ရှိသည်။
ထို့ပြင် သိုလှောင်ထိန်းသိမ်းထားရှိသည့် မမြရေလှောင်တမံ ရေပြင်၏နိမ့်မြင့်အမှတ် ၃၁၅ ပေမှ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန် တမံ၏အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်လျက်ရှိရာ ယနေ့ အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်းတွင် တမံရှိရေ ၃၀၄ ဒသမ ၄ ပေသာ ကျန်ရှိတော့သဖြင့် ၁၀ ဒသမ ၆ ပေခန့် လျော့နည်းသွားကြောင်း သတင်းရရှိသည်။
#News #Myanmar

No comments:
Post a Comment