ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း မိုင်းယောင်းမြို့ရှိ နယ်မြေခံတပ်နယ်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး စာကြည့်တိုက်များအတွက် သုတ/ရသ စာအုပ်များ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း မိုင်းယောင်းမြို့ရှိ နယ်မြေခံတပ်နယ်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး စာကြည့်တိုက်များအတွက် သုတ/ရသ စာအုပ်များ ထောက်ပံ့ပေးအပ်


မိုင်းယောင်း၊ အောက်တိုဘာ ၁၉

မိုင်းယောင်းမြို့ရှိ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ စာပေဖတ်ရှုလေ့လာမှု ပိုမို အားကောင်းလာစေရန်၊ သုတ/ရသအသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချနိုင်စေရန်ရည်ရွယ်၍ မိုင်းယောင်းမြို့ရှိ နယ်မြေခံတပ်နယ်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ စာကြည့်တိုက်များအတွက် သုတ/ရသစာအုပ်များထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က နယ်မြေခံတပ်ရင်း ရိပ်သာဧည့်ခန်းမ၌ ကျင်းပသည်။

အဆိုပါ စာအုပ်များထောက်ပံ့ပေးအပ်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက သုတ/ရသစာအုပ် ၂၀၆ အုပ်ကို ပေးအပ်ရာ နယ်မြေခံတပ်နယ်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

မွန်းလွဲပိုင်းတွင် တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှဝန်ထမ်းများကို တွေ့ဆုံပြီး ဒေသအကျိုးပြု လုပ်ငန်းများ၊ ပြည်သူလူထုအကျိုးပြုလုပ်ငန်းများ ချိတ်ဆက်ဖော်ပြသည့် သတင်းများရေးသားဖော်ပြပေးရန်၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများသည် သတင်းအချက်အလက်ချိတ်ဆက်ပေးသည့် အရေးပါသောအခန်းကဏ္ဍဖြစ်သည့်အတွက် အလေးထားဆောင်ရွက်ကြရန်၊ ဒေသအတွင်းဖြစ်ပေါ်နေသည့် အကြောင်းအရာများကို သတင်းအဖြစ်မြင်နိုင်သည့်စွမ်းရည်၊ သတင်းတန်ဖိုးရှိသည့်အကြောင်းအရာများကို ရွေးချယ်နိုင်သည့်စွမ်းရည်နှင့် ပြည်သူအကျိုးရှိစေမည့်အကြောင်းအရာများကို ဖန်တီးတင်ဆက်နိုင်သည့်စွမ်းရည်များ တိုးတက်လာစေရေး အစဉ်လေ့လာကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး ဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာနှင့် ချီးမြှင့်ငွေများပေးအပ်သည်။

ဆက်လက်၍ တာလေမြို့ နယ်မြေခံတပ်နယ်အတွက် MRTV DTH စလောင်းငါးစုံ၊ CANAL+ငါးစုံနှင့် Sky Net DTH စလောင်းငါးစုံတို့ကိုလည်းကောင်း၊ တာလေမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွက် MRTV DTH စလောင်းငါးစုံ၊ CANAL+ငါးစုံ၊ Sky Net DTH စလောင်းငါးစုံနှင့် Myansat DTH စလောင်းငါးစုံ တို့ကိုလည်းကောင်း တာဝန်ရှိသူများထံ ပေးအပ်သည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)