ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့် အတူဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့် အတူဖမ်းဆီးရမိ

 





နေပြည်တော်၊ အောက်တိုဘာ ၁၆

နိုင်ငံတော်အစိုးရအနေဖြင့် လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင်အလုံးစုံ အန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုကျူးလွန်ခြင်းများအား တားဆီးကာကွယ်ခြင်းနှင့် ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူခြင်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ နယ်မြေ(၁၉)၊ ရပ်ကွက်(၁၂) အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းအရလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ကယမန်နေ့ညပိုင်းတွင် သွားရောက်ရှာဖွေစစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ရာ အဆိုပါရပ်ကွက်၊ ဆင်းရွှေလီလမ်းသွယ်(၇)ရှိ နေအိမ်တစ်လုံး၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ကိုင်နေသူ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၄ ဦးတို့အား ဖုန်းမျိုးစုံ ၆ လုံး၊ Laptop ၃ လုံး၊ 12V Battery ၁ လုံး၊ Solar ၁ ချပ်၊ Wifi စက် ၁ လုံး၊ အခြားဆက် စပ်ပစ္စည်းများအား မြန်မာငွေ ၂၀၅,၀၀၀ ကျပ်နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား လားရှိုးမြို့မရဲစခန်း၌ အီလက်ထရော နစ်ဥပဒေပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အွန်လိုင်း လိမ်လည် လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့် အပြီးတိုင်ပပျောက်စေရေး တို့အတွက်အမြစ်ပြတ် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် အထူးအလေးထား၍ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)