အောက်တိုဘာ - ၂၅ ( တနင်္ဂနွေနေ့ )
ယူကရိန်းစစ်တပ်အနေနဲ့ အရပ်ဘက်သုံး ဂြိုလ်တု အင်တာနက်ကွန်ရက်ကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ဒရုန်းတွေအတွက် အသုံးချခွင့်ရနေတဲ့ 'ပေါက်ကြားချက်' (လစ်ဟာချက်) တစ်ခုကို ပြီးခဲ့တဲ့တစ်ပတ်က ပိတ်လိုက်ပြီဖြစ်ကြောင်းနဲ့ စစ်ပွဲကို ဆက်ဆွဲဆန့်နေကြတဲ့ စစ်လိုလားသူတွေကိုလည်း 'ငရဲမီးထဲမှာ လောင်ကျွမ်းသွားကြစမ်း' လို့ ပြင်းပြင်းထန်ထန် ပြောဆိုလိုက်ပါတယ်။
ဒီလို အပြင်းအထန် ဝေဖန်ပြောဆိုလာတာဟာ ဝါရှင်တန်နဲ့ ကိယက်ဗ် အစိုးရတို့ကြား ကွဲပြားမှုတွေ ပိုနက်ရှိုင်းလာချိန်မှာ ထွက်ပေါ်လာတာဖြစ်ပြီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဗိုဒီမာ ဇယ်လန်းစကီးဟာ စစ်ပွဲကို အဆုံးသတ်ဖို့ အခွင့်အရေးတွေကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပြီး ရုရှားရဲ့ ရေနံလုပ်ငန်းတွေကို တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့လောင်စာဆီ ရှားပါးမှုကို ပိုဆိုးစေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
အီလွန်မတ်စ်က အိတ်စ် လူမှုကွန်ရက်ပေါ်မှာ အရပ်ဘက်သုံး အင်တာနက် ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ စတားလင့်ခ် ကို လူသတ်ဖို့အတွက် ထိုးစစ်ဆင် ဒရုန်းတိုက်ခိုက်မှုတွေမှာ အသုံးပြုတာကို ဘယ်တုန်းကမှ ခွင့်မပြုခဲ့သလို၊ ဘယ်တော့မှလည်း ခွင့်ပြုမှာ မဟုတ်ဘူး။ ယူကရိန်းစစ်တပ်ဟာ စတားလင့်ခ် ရဲ့ ဝန်ဆောင်မှုစည်းကမ်းချက်တွေကို ဖောက်ဖျက်ပြီး လူသတ်ဖို့ ဒရုန်းတိုက်ခိုက်မှုတွေမှာ သုံးခဲ့တယ်။ အဲဒီလစ်ဟာချက်ကို ပြီးခဲ့တဲ့တစ်ပတ်က ပိတ်လိုက်ပါပြီ" လို့ ဖော်ပြထားပါတယ်။
စစ်ပွဲကို ဆက်လက်တွန်းအားပေးနေကြပြီး လက်တွေ့ကျတဲ့ ဖြေရှင်းချက်မျိုး မပေးဘဲ အလကားနေရင်း လူသတ်ပွဲတွေ ရှည်ကြာအောင် လုပ်နေကြတဲ့ အမည်မဖော်လိုတဲ့ "စစ်လိုလားသူတွေ" ကို အီလွန်မတ်စ်က ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment