အမေရိကန်က ကွန်ဖြူးရှပ်အင်စတီကျူတွေကို ပိတ်သိမ်းဖို့အတွက် စစ်ဝန်ကြီးတိုက်တွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်က ကွန်ဖြူးရှပ်အင်စတီကျူတွေကို ပိတ်သိမ်းဖို့အတွက် စစ်ဝန်ကြီးတိုက်တွန်း


အောက်တိုဘာ - ၂၅ ( တနင်္ဂနွေနေ့ ) 

အမေရိကန် စစ်ဝန်ကြီး ပီ့တ် ဟက်ဂ်ဆက်သ်ရဲ့ ပြောကြားချက်အရ တရုတ်နိုင်ငံရဲ့ ကွန်ဖြူးရှပ် အင်စတီကျု နဲ့ ဆက်စပ်နေတဲ့ ယဉ်ကျေးမှုအစီအစဉ်တွေကို ပင်တဂွန်စစ်ဌာနချုပ်က အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်လိုက်ပါတယ်။

အမေရိကန်ကောလိပ်နဲ့ တက္ကသိုလ်ကျောင်းဝင်းတွေမှာ တရုတ်ဘာသာစကား သင်တန်းတွေကို အဓိက ဖွင့်လှစ်သင်ကြားပေးနေတဲ့ အဲဒီစင်တာတွေဟာ တရုတ်အစိုးရရဲ့ “ဝါဒဖြန့်ချိရေး” လုပ်ငန်းစဉ်အတွက် ဖုံးကွယ်ထားတဲ့ ရှေ့တန်းအဖွဲ့အစည်းတွေ ဖြစ်တယ်လို့ ဟက်ဂ်ဆက်သ်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒီစွပ်စွဲချက်ကိုတော့ တရုတ်အရာရှိတွေက အရင်ကတည်းက ငြင်းဆိုထားပါတယ်။

သောကြာနေ့က ဖေ့စ်ဘုတ် မှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုထဲမှာ ဟက်ဂ်ဆက်သ်က အမေရိကန် ကွန်ဂရက်လွှတ်တော်ဟာ အမေရိကန်ပညာရေးအဖွဲ့အစည်းတွေထဲမှာ ကွန်ဖြူးရှပ် အင်စတီကျုတွေ ဖွင့်လှစ်ထားတာကို အရင်က “တားမြစ်ခဲ့ပေမဲ့” အဲဒီအဖွဲ့အစည်းတွေဟာ “ပုံစံအသစ်တွေနဲ့ နာမည်အသစ်တွေကို အသုံးပြုပြီး ပြန်ပေါ်လာခဲ့ကြတယ်” လို့ ပြောပါတယ်။

ဟက်ဂ်ဆက်သ် ရည်ညွှန်းပြောဆိုခဲ့တာဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အမေရိကန်ကွန်ဂရက် လွှတ်တော်က အတည်ပြုခဲ့တဲ့ အစီအမံအမျိုးမျိုးကို ဆိုလိုတာဖြစ်ပုံရပါတယ်။ အဲဒီအစီအမံတွေကြောင့် ကွန်ဖြူးရှပ် အင်စတီကျုတွေကို လက်ခံဖွင့်လှစ်ထားတဲ့ တက္ကသိုလ်တွေဟာ အမေရိကန်အစိုးရရဲ့ ဖက်ဒရယ်ရန်ပုံငွေတွေ ရရှိခွင့် ဆုံးရှုံးခဲ့ကြပါတယ်။ လွှတ်တော်အမတ်တွေရဲ့ ဖိအားပေးမှုတွေကြောင့် လည်း အမေရိကန်နိုင်ငံအတွင်းက အဲဒီစင်တာအများအပြားကို ပိတ်သိမ်းခဲ့ရပါတယ်။

ဟက်ဂ်ဆက်သ်ရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ နှစ်လအတွင်း စစ်ဌာနက တရုတ်နိုင်ငံရဲ့ ထောက်ပံ့မှု ရရှိထားတဲ့ ယဉ်ကျေးမှုစင်တာအသစ် ၈၀ ကို တက္ကသိုလ် ၃၀ မှာ စနစ်တကျ ဖယ်ရှားပိတ်သိမ်းခဲ့တယ် လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီအဖွဲ့အစည်းတွေကိုလည်း “အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အဖွဲ့အစည်းများ” စာရင်းထဲ ထည့်သွင်းခဲ့တယ်လို့ ပြောပါတယ်။

ဟက်ဂ်ဆက်သ်က အဲဒီစင်တာတွေဟာ အမေရိကန်ရဲ့ ဉာဏပစ္စည်းမူပိုင်ခွင့်တွေကို ခိုးယူဖို့နဲ့ အမေရိကန်ကျောင်းသားတွေရဲ့ အတွေးအခေါ်တွေထဲကို စိမ့်ဝင်လွှမ်းမိုးဖို့ ကြိုးပမ်းခဲ့ကြတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စွပ်စွဲချက်တွေကို ထောက်ခံနိုင်မယ့် ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေကိုတော့ တိတိကျကျ ထုတ်ဖော်ပြသခဲ့ခြင်း မရှိပါဘူး။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)