ပခုက္ကူမြို့၌ မြန်မာ့ရိုးရာခြင်းခတ်ကစားယဉ်ကျေးမှုတိမ်ကောပပျောက်မှုမရှိစေရေး ခြင်းလုံးအလှခတ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၌ မြန်မာ့ရိုးရာခြင်းခတ်ကစားယဉ်ကျေးမှုတိမ်ကောပပျောက်မှုမရှိစေရေး ခြင်းလုံးအလှခတ်ပွဲကျင်းပ







ပခုက္ကူ၊ အောက်တိုဘာ ၂၃

မြန်မာ့ရိုးရာခြင်းခတ်အားကစားယဉ်ကျေးမှုတိမ်ကောပပျောက်မှုမရှိစေရေးနှင့် မျိုးဆက်သစ်လူငယ်များလက်ဆင့်ကမ်း ထိန်းသိမ်းနိုင်စေရေးရည်ရွယ်၍ ယနေ့နံနက်၈နာရီအချိန်က ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီးဝန်း အတွင်း၌ သီတင်းကျွတ်မီးထွန်းပွဲတော်အထိမ်းအမှတ်အဖြစ် ခြင်းလုံးအလှခတ်ပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါကပအဖွဲ့ဥက္ကဋ္ဌ ဦးလှဖုန်းက မြန်မာ့ရိုးရာဝိုင်း ခြင်း(သို့)ခြင်းအလှခတ်ကစားခြင်းကို မျိုးဆက်သစ်လူငယ်များအနေဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းနိုင်စေရေးရည်ရွယ်၍ကျင်းပရ ခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားပြီး ပခုက္ကူမြို့နယ်ခြင်းလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီဥက္ကဋ္ဌဦးဘိုမြင့်က ခြင်းလုံးအလှခတ်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်ပွဲစဉ်အစီအစဉ်များအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သီတင်းကျွတ်မီးထွန်းပွဲတာ်အထိမ်းအမှတ်ခြင်းလုံးအလှခတ်ပွဲပါဝင်မည့် အားကစားအသင်းအလိုက် မဲနှိုက်ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုခြင်းအလှခတ်ကစားနည်းများဖြစ်သော ဒူး၊ခြေဖျား၊ ခြေဖမိုး၊ ခြေဖဝါး၊ ခြေဖနောင့်၊ ခြေခွင်၊ ခြေစောင်း၊ ပခုံး၊ခေါင်း၊ ကျောကုန်း၊ တံတောင်၊ ရိုးရိုးဒူး၊ နှစ်ထပ်ဒူး၊ ဝိုက်ဒူး၊ မဟာဒူး၊ စလွယ်ခြင်း၊ ဝိုက်ခြင်း၊ ရှပ်ခြေထိုးခြင်း စသည့်အမှတ်အသားများဖြင့် အဖွဲ့လိုက် ခြင်းအလှခတ်ကစားကြသည်။

အဆိုပါခြင်းအလှခတ်ပွဲတွင် မြန်မာ့ဂုဏ်ဆောင်တပင်တိုင်မင်းသမီးလေး ခြင်းလိပ်ပြာနန္ဒာဝင်း၊ ခြင်းမင်းသား၊ မင်းသမီး များအပြင် ပခုက္ကူမြို့နယ်မှခြင်းအလှခတ်အားကစားသမားအဖွဲ့များလည်း ပါဝင်ဖျော်ဖြေလျက်ရှိပြီး သီတင်းကျွတ်လဆန်း ၁၂ရက်မှ ၁၄ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာခြင်းခတ်အားကစားယဉ်ကျေးမှုတိမ်ကောပပျောက်မှုမရှိစေ ရေးနှင့် သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးပြည်သူများကြည်ညိုသဒ္ဓါပွားများနိုင်စေရန် လနှစ်စဉ်ကျင်းပမြဲဖြစ်သော ဆွမ်း လုံးတော်ကြီးတင်လှူပွဲ၊ ဆီမီး ၁၀၀၀၊ ပန်း ၁၀၀၀ ထွန်းညှိပူဇော်ပွဲတို့ကိုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 


ဘာမီသာ(ပခုက္ကူ)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)