ရန်ကုန်၊ အောက်တိုဘာ ၂၃
POSCO INTERNATIONAL Corporation မှ ပေ (၄၀) အရှည် Fiber စက်လှေ (၃) စီးအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ (၁၀) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ POSCO INTERNATIONAL Corporation မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် POSCO INTERNATIONAL Corporation ၊ ညွှန်ကြားရေးမှူး၊ (ပြင်ပဆက်ဆံရေးနှင့် လူမှုတာဝန်သိလုပ်ငန်း) ဦးအာကာအောင် က စက်လှေများလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် POSCO INTERNATIONAL Corporation ၊ ညွှန်ကြားရေးမှူး၊ (ပြင်ပဆက်ဆံရေးနှင့် လူမှုတာဝန်သိလုပ်ငန်း) ဦးအာကာအောင် က ရန်ကုန်တိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး ထံ စက်လှေများ လွှဲပြောင်းပေးအပ်သည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ရာ POSCO INTERNATIONAL Corporation ၊ ညွှန်ကြားရေးမှူး၊ (ပြင်ပဆက်ဆံရေးနှင့် လူမှုတာဝန်သိလုပ်ငန်း) ဦးအာကာအောင် က လက်ခံရယူသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် တာဝန်ရှိသူများက လှူဒါန်းပေးအပ်သည့် စက်လှေများအား လှည့်လည်ကြည့်ရှုကြသည်။
#News #Myanmar











No comments:
Post a Comment