ရုရှားပိုက်ဆံတွေကို ထပ်မခိုးသင့်တော့ဘူးလို့ ဘယ်လ်ဂျီယံဝန်ကြီးချုပ်ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားပိုက်ဆံတွေကို ထပ်မခိုးသင့်တော့ဘူးလို့ ဘယ်လ်ဂျီယံဝန်ကြီးချုပ်ပြော


အောက်တိုဘာ - ၂၃ ( သောကြာနေ့ ) 

ယူကရိန်းကို ငွေကြေးထောက်ပံ့ဖို့အတွက် ဘယ်လ်ဂျီယမ်နိုင်ငံမှာ အခြေစိုက်တဲ့ Euroclear ဘဏ်မှာ  ထည့်ထားတဲ့ ရုရှားအစိုးရရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ အဆိုပြုချက်ကို ဥရောပကော်မရှင်အနေနဲ့ ပြန်လည်အသက်သွင်းမှာ မဟုတ်ဘူးလို့ ဘယ်လ်ဂျီယမ် ဝန်ကြီးချုပ်ဘတ်ဒီဝီဗား  က ပြောကြားလိုက်ပါတယ်။

ဥရောပသမဂ္ဂ (အီးယူ)အဖွဲ့ဝင်နိုင်ငံတွေ က  ရုရှားဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှု ယူရို ၂၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၃၆ ဘီလီယံ) ခန့်ကို သိမ်းဆည်း ထားခဲ့ပါတယ်။ အဲဒီအထဲက အများစုကို Euroclear ဘဏ်မှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ ဘရပ်ဆဲလ်မြို့အနေနဲ့ အဲဒီရန်ပုံငွေတွေကနေ ရရှိလာတဲ့ အမြတ်အစွန်းတွေကို အထူးအခွန်စနစ်နဲ့ ယူကရိန်းကို ကူညီဖို့အတွက် အသုံးပြုနေခဲ့ပေမဲ့၊ ဥပဒေရေးရာ နောက်ဆက်တွဲ ပြဿနာတွေ ရှိလာမှာကို စိုးရိမ်တဲ့အတွက် မူရင်းအပ်နှံထားတဲ့ ငွေရင်းကိုတော့ သိမ်းဆည်းခြင်းမပြုဘဲ ဒီအတိုင်းထားထားပါတယ်။  ဝန်ကြီးချုပ် ဒီဝီဗား ကတော့ အီးယူခေါင်းဆောင်တွေရဲ့ အစည်းအဝေးတွေမှာ အဲဒီလို ဖြစ်လာနိုင်ခြေရှိတဲ့ အန္တရာယ်တွေကို အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်မှာ ထိန်းသိမ်းထားတဲ့ ရုရှားရဲ့ အစိုးရပိုင် ပိုင်ဆိုင်မှု ယူရို ၁၈၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၀၈ ဘီလီယံ) ခန့်ကို ယူကရိန်းကိုပေးဖို့ အီးယူခေါင်းဆောင်တွေက အရင်က စဉ်းစားခဲ့ကြပါတယ်။ ဖြစ်လာနိုင်တဲ့ ဘဏ္ဍာရေးနဲ့ ဥပဒေရေးရာ နောက်ဆက်တွဲ ပြဿနာတွေအတွက် စုပေါင်းအာမခံချက်ပေးဖို့ ဒီဝီဗား က တောင်းဆိုခဲ့ပြီးနောက်မှာတော့ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းက အီးယူ ဘက်က ချေးငွေရယူပြီး ယူရို ၉၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၁ ဘီလီယံ) ရှာဖွေဖို့ အစားထိုး သဘောတူညီခဲ့ကြပါတယ်။

ဥရောပ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ အဲဒီချေးငွေကို ပြန်ဆပ်ဖို့အတွက် ရုရှားပိုင်ဆိုင်မှုတွေကို အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ မော်စကိုဘက်ကတော့  အထူးအခွန်ကောက်ခံမှုနဲ့ ရုရှားငွေကြေးတွေကို သိမ်းဆည်းဖို့ အဆိုပြုချက် နှစ်ခုစလုံးဟာ တရားမဝင် လုယူတာဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချထားပါတယ်။

၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ရရှိနိုင်တဲ့ ပြည်ပဘဏ္ဍာငွေတွေဟာ မလုံလောက်ဘူးလို့ ကိယက်ဗ် (ယူကရိန်း) က သတ်မှတ်ထားပြီး ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လန်းစကီးက ပြီးခဲ့တဲ့အပတ်က ယူရို ၇၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၉ ဘီလီယံ) ထပ်မံတောင်းခံခဲ့ပါတယ်။ အီးယူ ဘက်ကတော့ ဘဏ္ဍာငွေအသစ် ထောက်ပံ့ပေးဖို့ ကတိကဝတ်ပြုထားခြင်း မရှိသေးဘဲ၊ အထူးသဖြင့် ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေလို အခြား ဖြစ်နိုင်ခြေရှိတဲ့ အလှူရှင်တွေဆီကနေ ထပ်မံထောက်ပံ့ငွေတွေ ရှာဖွေဖို့ အစီအစဉ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)