အိန္ဒိယ ရွေး/ကော်ကို မဲစာရင်းကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒဝိုင်းပြနေကြပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယ ရွေး/ကော်ကို မဲစာရင်းကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒဝိုင်းပြနေကြပြီ


အောက်တိုဘာ - ၁၄

ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးလ် ဂန္ဒီ ဦးဆောင်တဲ့ အတိုက်အခံဆန္ဒပြသူ ရာနဲ့ချီဟာ မဲဆန္ဒရှင် စာရင်းတွေကို ပြင်ဆင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ ဂျာနက်ရှ် ကူးမားကို ရာထူးမှနုတ်ထွက်ပေးဖို့ တောင်းဆိုရင်း တနင်္လာနေ့က နယူးဒေလီမြို့ရှိ အိန္ဒိယတရားရုံးချုပ်ဆီကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲဟာ ဒေလီမြို့မှာ စနေ၊ တနင်္ဂနွေနေ့တွေက ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေနောက်ပိုင်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရဲတပ်ဖွဲ့က လူငယ်တွေဦးဆောင်တဲ့ ပိုးဟတ်ဂျန်တာ ပါတီ (CJP) ပါတီခေါင်းဆောင်တွေအပါအဝင် ဆန္ဒပြသူ ထောင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်း ခဲ့ပါတယ်။ သူတို့ကလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲစာရင်းများကို အထူးပြန်လည်စိစစ်ပြင်ဆင်မှုကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေရဲ့ ချီတက်မှုကို တရားရုံးချုပ်နဲ့ အတော်ဝေးဝေးမှာ ရဲတပ်ဖွဲ့က အတားအဆီးတွေချထားပြီး တားဆီးခဲ့ပါတယ်။ တရားရုံးက လုံခြုံရေးတင်းကျပ်ထားတဲ့ နယ်မြေအပြင်ဘက်ရှိ အသနားခံစာ တင်သွင်းရာ နေရာကို လူ ၁၀ ဦးမှ ၁၅ ဦးအထိ ဝင်ရောက်ခွင့်ပြုပြီးနောက် ဂန္ဒီကိုယ်စားပြု ရှေ့နေတွေက တရားရုံးမှာ အသနားခံလွှာတင်သွင်းခဲ့ကြပါတယ်။

ရာဟူးလ် ဂန္ဒီနဲ့အတူ သူ့ညီမ ပရိယန်ကာ ဂန္ဒီ၊ အတိုက်အခံလွှတ်တော်အမတ်တွေနဲ့ နီဟာဘိုရာ အပါအဝင် ကျောင်းသားခေါင်းဆောင်တွေ ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြသူအချို့က ရဲအတားအဆီးတွေကို တွန်းဖောက်ကျော်ဖြတ်ခဲ့ပေမဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က တားဆီးခဲ့ပြီး ရေအမြောက်တွေနဲ့ လည်း လူစုခွဲခဲ့ပါတယ်။

ဒေလီမြို့ရှိ မက်ထရိုဘူတာခြောက်ခုရဲ့ အဝင်အထွက်တွေကို ၁၀ နာရီကြာ ပိတ်ထားခဲ့ရပြီး လမ်းပေါင်း ၂၀ ကျော်မှာလည်း ယာဉ်အသွားအလာ ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။

အိန္ဒိယတရားရုံးချုပ် တရားသူကြီးချုပ် ဆူရယာ ကန့်က ရာဟူးလ် ဂန္ဒီနဲ့ ကွန်ဂရက်ပါတီဥက္ကဋ္ဌ မယ်လီကာဂျွန် ခါဂေးတို့ တောင်းဆိုခဲ့တဲ့ သီးသန့်တွေ့ဆုံမှုကို ငြင်းပယ်ခဲ့ပေမဲ့ အတိုက်အခံတွေက ချီတက်ဆန္ဒပြမှုကို ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။ တရားသူကြီးချုပ်က ဒီကိစ္စနဲ့ သက်ဆိုင်တဲ့ အမှုတွေဟာ တရားရုံးမှာ စစ်ဆေးဆောင်ရွက်နေပြီးဖြစ်တဲ့အတွက် အတိုက်အခံတွေဟာ တရားရေးလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်ဆောင်ရွက်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။


REF: RT

#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)