အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



ပုဇွန်တောင်၊ အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အယ်လ်နီညိုရာသီဥတု ဖြစ်စဉ် ကြောင့်  ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေးနှင့် တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်  ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ‌တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းဦးက အဖွင့်အမှာစကား ပြောကြားရာ၌  အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဒေသအလိုက်  မိုးရွာသွန်းမှုပုံစံပြောင်းလဲခြင်း၊ အပူချိန် မြင့်တက်ခြင်း၊ မိုးခေါင်ခြင်း၊ သောက်သုံးရေရှားပါးခြင်းနှင့် အခြားအစွန်းရောက်ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်း၊ မိုးခေါင်မှုတစ်ခုတည်းအတွက်သာမဟုတ်ဘဲ အချိန်အခါမဟုတ် မိုးရွာသွန်း ခြင်းစသည့်  ဘေးအန္တရာယ်မျိုးစုံအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး စဉ်းစားပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ပြည်သူလူထုအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာများ အချင်းချင်း စနစ်တကျ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ အဖွဲ့ဝင်များနှင့် အစည်းအဝေး တက်ရောက် လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများနှင့်မြို့နယ်တွင်း သောက်သုံးရေပြတ်လပ်မှုမရှိစေရေး၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အကြံပြုဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေး ခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


စုယဉ်ချစ်

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)