ကျိုက်ထို၊ အောက်တိုဘာ ၃
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး မွန်ပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ၏ဦးဆောင်မှုဖြင့်ပရဟိတကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏ လိုအပ်ချက်များတွင် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် အလှူငွေများ ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆိပ္ဖူးတောင်ပရဟိတကျောင်း၌ ပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ပရဟိတကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၄)ကျောင်းမှ ကျောင်းအုပ်ဆရာတော်များနှင့် တာဝန်ရှိသူများထံသို့ အလှူငွေ စုစုပေါင်း(၁၂,၇၁၂,၁၅၁)ကျပ်ကို ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။
ထို့နောက် ကျောင်းအုပ်ဆရာတော်တစ်ပါးက အလှူရှင်များနှင့် တာဝန်ရှိသူများအား အနုမောဒနာစကား မိန့်ကြားတော်မူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေပေးဝေကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုး
#News #Myanmar




No comments:
Post a Comment