ပခုက္ကူမြို့နယ်၌ ဆီထွက်ပဲပုပ်သီးနှံမျိုးစေ့နှင့် နေကြာသီးနှံမျိုးစေ့များ အခမဲ့ထောက်ပံပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့နယ်၌ ဆီထွက်ပဲပုပ်သီးနှံမျိုးစေ့နှင့် နေကြာသီးနှံမျိုးစေ့များ အခမဲ့ထောက်ပံပေးအပ်






ပခုက္ကူ၊ အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ တောင်သူများအား ဆီထွက်ပဲပုပ်သီးနှံမျိုးစေ့နှင့် နေကြာသီးနှံမျိုးစေ့များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်၁၀နာရီအချိန်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က ၂၀၂၆ခုနှစ်ဆောင်းရာသီ ဆီထွက်ပဲပုပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်မျိုးသန့်ပြန့်ပွားရေးရည်ရွယ်၍ တောင်သူများအား တိုင်းဒေသကြီးစိုက် ပျိုးရေးဦးစီးဌာနအစီအစဉ်ဖြင့် မျိုးစေ့များထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်တာဝန်ရှိသူများ က မြို့နယ်အတွင်းရှိကျေးရွာအုပ်စု(၃)အုပ်စုမှ ပဲပုပ်သီးနှံတိုးချဲ့စိုက်ပျိုးမည့်တောင် သူ(၁၄)ဦး၏ စိုက်ဧက (၂၀)အတွက် ပဲပုပ်မျိုးရေဆင်း-၁၅ (၁၀)တင်း၊ စိုက်ဧက(၁၁)အတွက် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့တို့အား ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

#Myanmar #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)