လှိုင်သာယာအနောက်ပိုင်း၊ အောက်တိုဘာ ၂၂
အင်းစိန်ခရိုင်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အလယ်ကျေးရွာအုပ်စု၊(ကမ်းနား)အလယ်ကျေးရွာ၊ စကားဝါ(၄)လမ်း၊ မ-၁၉၂တွင် နေထိုင်သော ကျော်ရဲနိုင်(၃၃)နှစ် နှင့် ချစ်ချစ်ဝိုင်း(၂၄)နှစ် တို့နှစ်ဦးသည် ထမင်းဝိုင်းဖွဲ့စားနေစဉ် အကိုဖြစ်သူက လက်သီးနဲ့ထိုးသဖြင့် မကျေမနပ်ဖြစ်ပြီး ညီဖြစ်သူက ဓားနဲ့ ထိုးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
၂၂.၁၀.၂၀၂၆ရက်နေ့ (၁၉ ၃၀)အချိန်၊ အင်းစိန်ခရိုင်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အလယ်ကျေးရွာအုပ်စု၊(ကမ်းနား)အလယ်ကျေးရွာ၊ စကားဝါ(၄)လမ်း၊ မ_၁၉၂တွင် နေထိုင်သော ကျော်ရဲနိုင်(၃၃)နှစ် နှင့် ချစ်ချစ်ဝိုင်း(၂၄)နှစ် တို့နှစ်ဦးသည် ထမင်းဝိုင်းဖွဲ့စားနေစဉ် အိမ်၌မွေးထားသောကြောင်မှ သီးစုံဟင်းခွက်အား တိုက်မိ၍ မှောက်ကျရာမှ ညီအကိုချင်း စကားများကြရာ အစ်ကိုဖြစ်သူကျော်ရဲနိုင်မှ ညီဖြစ်သူ ချစ်ချစ်ဝိုင်းအား လက်သီးဖြင့်ထိုးကြိတ်သဖြင့် ချစ်ချစ်ဝိုင်းမှ ၎င်းကိုင်ဆောင်သော အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးအား ပုဂံစင်မှ ပြေးယူ၍ထိုးခဲ့ရာ လည်ပင်တွင်းထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝဲဘက်ရင်ဘက်ထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ဝဲဘက်ဝမ်းဗိုက်ဒဏ်ရာ(၁)ချက်တို့ရရှိခဲ့ပြီးလိူင်သာယာပြည်သူ့ဆေးရုံးကြီးသို့ပို့ဆောင်ထားရှိကြောင်း နှင့် ချစ်ချစ်ဝိုင်းအား သောင်ကြီးနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ထံသို့အပ်နှံထားကြောင်း သိရသည်။
#News #Myanmar





No comments:
Post a Comment