အောက်တိုဘာ - ၇ ( ဗုဒ္ဓဟူးနေ့ )
ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် သွင်းဖို့ဆိုတာ လောလောဆယ် စဉ်းစားနေတဲ့အထဲမှာ မပါသေးပါဘူး။ ဝါရှင်တန်အနေနဲ့ ကီယက်ဗ်(ယူကရိန်း) နဲ့ မော်စကို (ရုရှား) ကြား ဖြစ်နေတဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ပဲ အဓိက အာရုံစိုက်ထားပါတယ်" လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မားကို ရူဘီယို က ပြောကြားခဲ့ပါတယ်။
အင်္ဂါနေ့က ရိက်ဂျာဗစ် မြို့မှာ အိုက်စလန် နိုင်ငံခြားရေးဝန်ကြီး သောဂျာဒါ ကက်ထရင် ဂန်နာ ဆဒေါတီးယား နဲ့ ပူးတွဲပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် ဦးဆောင်တဲ့ ဒီစစ်ရေးမဟာမိတ်အဖွဲ့ထဲ ယူကရိန်း ဝင်ရောက်ဖို့ ကြိုးပမ်းနေမှုအပေါ် ဝါရှင်တန်ရဲ့ ရပ်တည်ချက်ကို မေးမြန်းခဲ့ရာမှာ ရူဘီယိုက "ဒါနဲ့ ပတ်သက်လို့ 'ဟုတ်တယ်၊ မဟုတ်ဘူး' လို့ တိတိကျကျ ပြောဖို့ မလွယ်ပါဘူး" လို့ တုံ့ပြန်ခဲ့ပါတယ်။
"လက်ရှိမှာတော့ ယူကရိန်းကို ဒီစစ်ရေးမဟာမိတ်အဖွဲ့ထဲ သွင်းဖို့ဆိုတာ အစီအစဉ် မရှိသေးပါဘူး" လို့ ရှင်းပြခဲ့ပြီး၊ အဖွဲ့ဝင်ဖြစ်ဖို့ဆိုရင် နေတိုး အဖွဲ့ဝင် ၃၂ နိုင်ငံစလုံးရဲ့ တညီတညွတ်တည်း သဘောတူညီချက် လိုအပ်တယ်ဆိုတာကိုလည်း ထောက်ပြခဲ့ပါတယ်။
"အခုအချိန်မှာတော့ ကျနော်တို့ဘက်က ယူကရိန်းနဲ့ ပတ်သက်လို့ ဒီပဋိပက္ခ ငြိမ်းချမ်းစွာ အဆုံးသတ်ရေးကိုပဲ အဓိကထား စဉ်းစားနေတာပါ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမေရိကန်အနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးဖို့ အသင့်ပါပဲ" လို့ ရူဘီယိုက ဆိုပါတယ်။
ယူကရိန်းဟာ ၂၀၁၄ ခုနှစ် အနောက်အုပ်စု ကျောထောက်နောက်ခံပြု မိုင်ဒန် အာဏာသိမ်းပွဲ ပြီးကတည်းက နေတိုး အဖွဲ့ဝင်ဖြစ်ရေးကို အဓိက နိုင်ငံခြားရေး မူဝါဒ ပန်းတိုင်အဖြစ် သတ်မှတ်ခဲ့ပြီး နောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါ ထည့်သွင်းပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာတော့ ဗလာဒီမီယာ ဇီလန်စကီး က အဖွဲ့အတွင်း အမြန်ဆုံး ဝင်ရောက်ခွင့် ရရှိရေးအတွက် တရားဝင် လျှောက်ထားခဲ့တာဖြစ်ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment