မိုင်းပျဉ်းမြို့၌ ရှေ့တန်းပြန်တပ်မတော်သားများအား သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းပျဉ်းမြို့၌ ရှေ့တန်းပြန်တပ်မတော်သားများအား သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို







မိုင်းပျဉ်း၊ အောက်တိုဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ကြိုဆိုဂုဏ်ပြုပွဲကို ယနေ့နံနက်(၁၁)နာရီက အောက်ဈေးတန်းရပ်ကွက်ရှိ အမှတ်(၄၃) ခြေလျင်တပ်ရင်း အဝင်မုခ်ဦးတွင် ကျင်းပခဲ့သည်။

ထိုသို့ကျင်းပရာ၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် စိုးနိုင်ဦး ၊ စစ်ဗျူဟာ(အခြေချ)(မိုင်းပျဉ်း)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဖေသက်သန်း  ၊ နယ်မြေခံတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျ၊ နယ်မြေခံတပ်နယ်တပ်ရင်းများမှ အရာရှိများ/စစ်သည်များနှင့် မိသားစုဝင်များ၊ ရှေ့တန်းပြန်တပ်ရင်းရှိမိသားစုဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ အခြေခံပညာကျောင်းများမှ အကအဖွဲ့များ၊ ရှမ်းရိုးရာတိုးနယားနှင့် ကိန္နရီအကအဖွဲ့များ စုစုပေါင်းအင်အား(၅၀၀) ကျော်တို့သည် အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား အောင်သပြေပန်းများ၊ ပန်းကုံးများ၊ ရေသန့်/အချိုရည်နှင့် မုန့်များဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။


နန်းသန္တာဦး

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)