လက်ပံတန်း , အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှု ဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဈေးသူဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိ ရှိကြစေရန်၊ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့မစည်ပင်သာယာဈေး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လက်ပံတန်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးလင်းကျော်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိနှင့် စည်ပင်သာယာဝန်ထမ်းများက ဈေးတာဝန်ခံများနှင့် ဈေးအကျိုးတော်ဆောင် ကော်မတီဝင်များ၊ စျေးသူ/စျေးသားများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဈေးအတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ၊ ရေလှောင်ကန်များတွင် ရေများအဆင့်အသင့် ရှိစေရေး၊ အသေးစားမီးသတ်စက်များအဆင်သင့် စီမံဆောင်ရွက်ထားရှိစေရေး၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှုများ စနစ်တကျရှိစေရေးနှင့် ဈေးသူဈေးသားများမှ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန် အချက်များကို အသိပညာပေး ကွင်းဆင်းစစ်ဆေးပြီး၊ မီးသတ်ဆေးဘူး အသုံးပြုပုံအားရှင်းလင်းပြသ၍ ရေစိုဝတ်ဖြင့် မီးငြှိမ်း သတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရေဖြင့်မီးငြှိမ်းသတ်ခြင်းများကို အသိပညာပေး စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment