သမ္မတဟောင်းဘိုင်ဒန်က ထရမ့်ကို တောက်လျှောက် စပိုင်လုပ်ပြီး စောင့်ကြည့်ခဲ့တယ်လို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

သမ္မတဟောင်းဘိုင်ဒန်က ထရမ့်ကို တောက်လျှောက် စပိုင်လုပ်ပြီး စောင့်ကြည့်ခဲ့တယ်လို့ ဆို


အောက်တိုဘာ - ၇ ( ဗုဒ္ဓဟူးနေ့ ) 

အမေရိကန်ရဲ့ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်ကို မပြန်လာခင်အချိန်မှာ သူ့အပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်စဉ်အတွင်း FBI ဟာ ထရမ့်ရဲ့ ဇနီးနဲ့ ဆယ်ကျော်သက်အရွယ် သားဖြစ်သူတို့ရဲ့ လှုပ်ရှားသွားလာမှုတွေကို စောင့်ကြည့်ခဲ့သလို၊ သူ့ရဲ့ အနီးကပ်ဆုံး အကူတစ်ဦးရဲ့ ဖုန်းအဆက်အသွယ်တွေကိုပါ စောင့်ကြည့်စစ်ဆေးခဲ့တယ်ဆိုတာ အသစ်ချပြလိုက်တဲ့ လျှို့ဝှက်ချက် စာရွက်စာတမ်းတွေအရ သိရပါတယ်။

ဒီလို ထုတ်ဖော်လိုက်မှုတွေကြောင့် အဲဒီအချိန်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ဟာ ဖက်ဒရယ် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေကို သူတို့ရဲ့ အဓိက နိုင်ငံရေးပြိုင်ဘက်အပေါ် လက်နက်သဖွယ် အသုံးချခဲ့တယ်ဆိုပြီး အိမ်ဖြူတော်ဘက်က စွပ်စွဲပြစ်တင်မှုတွေ ပိုမိုအားကောင်း လာစေပါတယ်။ ဒီမှတ်တမ်းတွေဟာ ပလက်မစ်အဲခိုး  လို့ လျှို့ဝှက်အမည်ပေးထားတဲ့ FBI ရဲ့ စုံစမ်းစစ်ဆေးမှုကို အလင်းပြပေးခဲ့တာ ဖြစ်ပြီး၊ အဲဒီစုံစမ်းစစ်ဆေးမှုဟာ ထရမ့်ရဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေ ကိုင်တွယ်ပုံကို စစ်ဆေးခဲ့တာဖြစ်သလို နောက်ဆုံးမှာတော့ ၂၀၂၂ ခုနှစ်က သွားရောက်စီးနင်းခဲ့တဲ့ ထရမ့်ပိုင် မာအာလာဂို  စံအိမ် ပိုင်ဆိုင်မှု ဖြစ်စဉ်ဆီ ဦးတည်သွားခဲ့တာပါ။

FBI ရဲ့ အတွင်းပိုင်း အစီအစဉ်ရေးဆွဲမှု မှတ်တမ်းတွေအရ အေးဂျင့်တွေဟာ ဖလော်ရီဒါက စံအိမ်ကို ဝင်ရောက်ရှာဖွေဖို့ ပြင်ဆင်နေစဉ်အတွင်း ထရမ့်၊ မယ်လနီယာ နဲ့ သူတို့ရဲ့သား ဖြစ်သူ ဘာရွန်တို့ရဲ့ ခရီးစဉ် သွားလာမှုဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို စုံစမ်းခဲ့ကြတာကို တွေ့ရပါတယ်။

FBI ရဲ့ လုပ်ငန်းတာဝန် လမ်းညွှန်ချက်တစ်ခုမှာ စုံစမ်းစစ်ဆေးသူတွေကို 'သမ္မတဟောင်း၊ သမ္မတကတော်ဟောင်းနဲ့ သားငယ်တို့ရဲ့ သွားလာမှု' အခြေအနေကို အသုံးပြုမယ့် လေယာဉ်အမျိုးအစား နဲ့ 'တိကျတဲ့ အချိန်ဇယား' အပါအဝင် FBI ဘက်က သေချာရေရာအောင် အပြီးသတ် စုံစမ်းထားဖို့ ညွှန်ကြားထားခဲ့ပါတယ်။ နောက်ထပ် အတွင်းပိုင်း သတင်းစကားတစ်ခုမှာတော့ ရှာဖွေဝရမ်းကို ထရမ့် မာအာလာဂို စံအိမ်ကနေ ထွက်ခွာသွားပြီးမှသာ အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)