အိန္ဒိယအတိုက်အခံ ပါတီခေါင်းဆောင် ရာအူးဂန္ဒီ အဖမ်းခံလိုက်ရ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယအတိုက်အခံ ပါတီခေါင်းဆောင် ရာအူးဂန္ဒီ အဖမ်းခံလိုက်ရ


အောက်တိုဘာ - ၇ ( ဗုဒ္ဓဟူးနေ့ ) 

အင်္ဂါနေ့က အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် ဌာနချုပ်ဆီ ချီတက်ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က တားဆီးပိတ်ပင်ခဲ့ပြီးနောက် ကွန်ဂရက်ပါတီ ခေါင်းဆောင် ရာဟူး ဂန္ဒီ  အပါအဝင် အတိုက်အခံ ပါတီခေါင်းဆောင် အတော်များများကို နယူးဒေလီမြို့မှာ ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပါတယ်။

မဲစာရင်း ကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဂျာနက်ရှ် ကူးမား ကို ရည်ရွယ်ပြီး 'ဂျာနက်ရှ်ရေ... ပြီးသွားပြီကွာ' လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ ရာဟူး ဂန္ဒီက ချီတက်ပွဲကို ဦးဆောင်ခဲ့တာပါ။ မြို့တော် ရဲတပ်ဖွဲ့ဟာ အစိုးရရဲ့ နီတိအာယောဂ မူဝါဒရေးရာ အဖွဲ့အစည်းအနီးမှာ ဆန္ဒပြပွဲကို တားဆီးပိတ်ပင်ခဲ့ပါတယ်။ အတိုက်အခံ ခေါင်းဆောင် အချို့ကို ဖမ်းဆီးပြီး ဘတ်စ်ကားတွေနဲ့ ခေါ်ဆောင်သွားစဉ်မှာတော့ ရာဟူး ဂန္ဒီနဲ့ သူ၏ ညီမဖြစ်သူ ပရီယန်ကာ  တို့ဟာ ရဲတပ်ဖွဲ့၏ အတားအဆီးတွေပေါ် တက်ရောက်ကာ နိုင်ငံတော်အလံကို ဝှေ့ယမ်းခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့က သူတို့ကို ဖမ်းဆီးဖို့ ပြင်ဆင်စဉ်မှာပဲ အိန္ဒိယရဲ့ ထင်ရှားကျော်ကြားလှတဲ့ နိုင်ငံရေး မိသားစုမှ လွှတ်တော်ကိုယ်စားလှယ် မောင်နှမနှစ်ဦးဟာ ဘတ်စ်ကားပေါ်ကနေ ခုန်ဆင်းပြီး ရွေးကောက်ပွဲ ကော်မရှင် အဆောက်အအုံဆီ ဦးတည် ထွက်ခွာခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ထပ်မံ တားဆီးခဲ့တာကြောင့် သူတို့ဟာ အနီးအနားမှာရှိတဲ့ အာကတ်ရှ်ဘာနီဘဝမ် အစိုးရ ရေဒီယိုနှင့် ရုပ်မြင်သံကြား ဝန်းအတွင်း ဝင်ရောက်ကာ ရွေးကောက်ပွဲကော်မရှင် ရုံးအဖွဲ့နဲ့ မီတာအနည်းငယ်အကွာမှာ ထိုင်သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။

ဒေလီ ရဲတပ်ဖွဲ့၏ သတင်းရင်းမြစ်တွေကို ကိုးကားပြီး သူတို့ကို ထိန်းသိမ်းလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေသော်လည်း ဂန္ဒီ မောင်နှမဟာ ဝန်းအတွင်းရှိ သစ်ပင်အောက်မှာ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။ 'ဂျာနက်ရှ် ကူးမားနဲ့ အခြား ရွေးကောက်ပွဲကော်မရှင်နာ နှစ်ယောက်ဟာ ကျနော်တို့နဲ့ မတွေ့ချင်ကြဘူး၊ ကျနော်တို့ မေးခွန်းတွေကိုလည်း မဖြေချင်ကြဘူး' လို့ ရာဟူး ဂန္ဒီက အခင်းဖြစ်ပွားရာနေရာရှိ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)