ဖောက်ကလန်ကျွန်းကိစ္စ ဗြိတိန်နဲ့ အာဂျင်တီးနားကြား တင်းမာမှုတွေ ဆက်လက်မြင့်တက်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖောက်ကလန်ကျွန်းကိစ္စ ဗြိတိန်နဲ့ အာဂျင်တီးနားကြား တင်းမာမှုတွေ ဆက်လက်မြင့်တက်နေ


အောက်တိုဘာ - ၁၅( ကြာသပတေးနေ့) 

အာဂျင်တီးနားနိုင်ငံနားက ဖောက်ကလန်းကျွန်း ကို ဗြိတိသျှစစ်တပ်က  ပြန်လည်သိမ်းပိုက်မယ့် စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်နေတယ်လို့ တိုင်းမ် သတင်းစာက ဖော်ပြလိုက်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ရတာဟာ ကျွန်းစုအနီးမှာရှိတဲ့ ဗြိတိသျှ-အစ္စရေး ရေနံစီမံကိန်းကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာချိန်မှာ ဖြစ်လာတာပါ။ အာဂျင်တီးနားဘက်ကတော့ ဒီကျွန်းစုနဲ့ ပတ်ဝန်းကျင်ရေပိုင်နက်တွေဟာ သူတို့ပိုင်နက်ဖြစ်တယ်လို့ (မာလ်ဗီးနတ်စ် လို့လည်း ခေါ်ကြပါတယ်)ဆိုပြီး တောင်းဆိုထားပါတယ်။

သတင်းစာရဲ့ ဖော်ပြချက်အရ စက်တင်ဘာ ၂၇ ရက်ကနေ အောက်တိုဘာ ၂ ရက်အထိ ပြုလုပ်ခဲ့တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုတွေထဲမှာ မကြာသေးတဲ့နှစ်တွေအတွင်း ပထမဆုံးအကြိမ်အဖြစ် ရေကြောင်းကနေ ကုန်းဆင်းတိုက်ခိုက်တဲ့ ရေကြောင်းနဲ့ ကြည်းတပ် ပူးတွဲလေ့ကျင့်မှုတွေလည်း ပါဝင်ခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတဲ့အချိန်မှာပဲ အာဂျင်တီးနားက ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိတဲ့ အဲဒီရေနံစီမံကိန်းကို ရပ်တန့်ဖို့အတွက် ဗြိတိန်နိုင်ငံအပေါ် နိုင်ငံတကာ ခုံရုံးတင် တရားစွဲဆိုသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဗြိတိသျှတပ်ဖွဲ့တွေဟာ အဆိုပါကျွန်းစုပေါ်မှာ ဒေသန္တရတပ်ဖွဲ့တွေနဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လေ့ရှိပြီး၊ နောက်ဆုံးပြုလုပ်ခဲ့တဲ့ Cape Upholder စစ်ရေးလေ့ကျင့်မှုမှာတော့ ဒုတိယတပ်ရင်း၊ လေထီးတပ်ဖွဲ့ (2 PARA) က ဗြိတိသျှလေထီးတပ်သား ၁၅၀ ခန့်နဲ့ ဖောက်လန်းကျွန်း ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၀၀ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုတွေကို အရှေ့ဖောက်ကလန် ကျွန်းပေါ်က နေရာအများအပြားမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ ၁၉၈၃ ခုနှစ်တုန်းက အာဂျင်တီးနားနဲ့ စစ်ပွဲဖြစ်ပွားစဉ် ဗြိတိသျှတပ်ဖွဲ့တွေ ကုန်းဆင်းခဲ့ဖူးတဲ့ ဆန်ကားလို့စ်  ရေလက်ကြားအနီးတစ်ဝိုက်မှာလည်း ပါဝင်ပါတယ်။ တိုင်းမ် သတင်းစာရဲ့ ဖော်ပြချက်အရ အခုတစ်ခေါက် စစ်ရေးလေ့ကျင့်မှုတွေဟာ ပုံမှန်လုပ်နေကျ ကျွန်းကို ကာကွယ်ခုခံတဲ့ ပုံစံမျိုးမဟုတ်ဘဲ၊ ကျွန်းကို ပြန်လည်သိမ်းပိုက်ဖို့အတွက် ရေကြောင်းနဲ့ ကြည်းတပ် ပူးတွဲလုပ်ဆောင်ရတဲ့ စစ်ဆင်ရေးတွေကို အဓိကထား လေ့ကျင့်ခဲ့ကြတာ ဖြစ်ပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)