ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်ရှိ အမှတ်(၂)ဈေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လုပ်ရောင်းချသည့် စားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချမည့်ဖွင့်ပွဲအခမ်းအနားအား ၁၆,၁၀,၂၀၂၆ရက်နေ့(၀၇၀၀)အချိန်တွင် ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီး ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစန်းလွင်၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးဦးဖြိုးဝေမောင် တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လုပ်ရောင်းချသည့် စားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁၀၆)ရပ်ကွက် ကေတုမတီလမ်း၊ကေတုမတီဈေးတွင်လည်းကောင်း၊ စိုက်ပျိုးမွေးမြူရေး အမှတ်(၁)ရပ်ကွက် ဘုရင့်နောင်လလမ်း၊ လေးထောင့်ကန်ဈေးတွင်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
#News #Myanmar




No comments:
Post a Comment