ရုရှား - အမေရိကန် ရေအောက်ဥမင်လိုဏ်ခေါင်း အတွက် အီလွန်မက်စ်ပါသင့်တယ်လို့ ရုရှားဘက်က အကြံပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှား - အမေရိကန် ရေအောက်ဥမင်လိုဏ်ခေါင်း အတွက် အီလွန်မက်စ်ပါသင့်တယ်လို့ ရုရှားဘက်က အကြံပြု


အောက်တိုဘာ - ၁၃ ( အင်္ဂါနေ့ ) 

ရုရှားနဲ့ အမေရိကန်ကို ဆက်သွယ်ပေးမယ့် မိုင် ၇၀ ရှည်လျားတဲ့ ရေအောက်ဥမင်လိုဏ်ခေါင်း စီမံကိန်း မှာ အီလွန်မတ်စ် ပါဝင်လုပ်ဆောင်ဖို့ အချိန်တန်ပြီလို့ ရုရှားသမ္မတရဲ့ အကြံပေး ကီရီလ် ဒီမီထရီယက်ဗ် က ပြောကြားလိုက်ပါတယ်။

ရုရှားရဲ့ နိုင်ငံပိုင်ဓနရန်ပုံငွေအဖွဲ့ (RDIF) ကိုလည်း ဦးဆောင်နေတဲ့ ဒီမီထရီယက်ဗ်ဟာ ဒီစီမံကိန်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ပထမဆုံး အဆိုပြုခဲ့တာပါ။ သူက ဒီဥမင်လိုဏ်ခေါင်းဟာ နှစ်နိုင်ငံစည်းလုံးညီညွတ်မှုကို ကိုယ်စားပြုမယ့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သဘာဝသယံဇာတတွေ ရှာဖွေတူးဖော်ရေးကို အားပေးနိုင်မယ်၊ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ်၊ နှစ်နိုင်ငံစလုံးရဲ့ စီးပွားရေးကို တိုးတက်စေမယ်လို့လည်း ဆိုပါတယ်။

ဒီဥမင်လိုဏ်ခေါင်းကို ဘယ်ရင်းရေလက်ကြားအောက်မှာ ဖောက်လုပ်ဖို့ ရည်ရွယ်ထားတာပါ။ ဘယ်ရင်းရေလက်ကြားဟာ အကျဉ်းဆုံးနေရာမှာ အကျယ် ၅၁ မိုင်ရှိပြီး ရုရှားနိုင်ငံ ချူကိုကာဒေသနဲ့ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်ကို ပိုင်းခြားထားပါတယ်။

တနင်္ဂနွေနေ့က အိတ်စ် လူမှုကွန်ရက်ပေါ်မှာ အီလွန်မတ်စ်ကို တိုက်ရိုက်ရည်ညွှန်းပြီး ဒီမီထရီယက်ဗ်က ”ရုရှားနဲ့ အမေရိကန်၊ ယူရေးရှားနဲ့ အမေရိကတိုက်တွေကို ပေါင်းစည်းပေးမယ့် ပူတင်-ထရမ့် ဥမင်လိုဏ်ခေါင်းစီမံကိန်းကို ဘိုရင်းကုမ္ပဏီ က စတင်လုပ်ဆောင်ဖို့ အချိန်တန်ပါပြီ။”အဲ့ဒိကုမ္ပဏီက  အီလွန်မတ်စ် တည်ထောင်ထားတဲ့ ဥမင်လိုဏ်ခေါင်းဖောက်လုပ်ရေး ကုမ္ပဏီဖြစ်ပါတယ်။

ဒီဥမင်လိုဏ်ခေါင်း စီမံကိန်းဟာ စစ်အေးတိုက်ပွဲကာလတုန်းက ရုရှားနဲ့ အမေရိကန်နှစ်နိုင်ငံကို ဆက်သွယ်ပေးမယ့် “ခရူးရှက်ဗ်–ကနေဒီ တံတား” တည်ဆောက်ရေး အဆိုပြုချက်ကို ပြန်လည် အမှတ်ရစေပါတယ်။  ဒီမီထရီယက်ဗ်ဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ ပူတင်နဲ့ ထရမ့်တို့ အလာစကာမှာ တွေ့ဆုံပြီး ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှုတွေအကြောင်း ဆွေးနွေးခဲ့ပြီးနောက် နှစ်လအကြာမှာ ဒီဥမင်လိုဏ်ခေါင်း စီမံကိန်းကို ပထမဆုံး အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီထိပ်သီးအစည်းအဝေးဟာ ပဋိပက္ခ ပိုမိုပြင်းထန်လာပြီးနောက် မော်စကိုနဲ့ ဝါရှင်တန်တို့အကြား အဆင့်မြင့်တိုက်ရိုက်ဆက်သွယ်မှု ပထမဆုံးအကြိမ် ပြန်လည်စတင်ခဲ့တဲ့ တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

သမ္မတရဲ့ အကြံပေးဖြစ်သူ ဒီမီထရီယက်ဗ်က သမားရိုးကျ နည်းပညာတွေကို အသုံးပြုမယ်ဆိုရင် ဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံကျော် ကုန်ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ အီလွန်မတ်စ်ရဲ့ ဘိုးရင်းကုမ္ပဏီ က အသုံးပြုတဲ့ နည်းလမ်းတွေကို သုံးမယ်ဆိုရင် ကုန်ကျစရိတ် ကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပြီး ဒေါ်လာ ၈ ဘီလီယံအောက်နဲ့ တည်ဆောက်နိုင်သလို ရှစ်နှစ်အတွင်းလည်း အပြီးသတ်နိုင်မယ်လို့ ပြောပါတယ်။

ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ (RDIF) အနေနဲ့လည်း ဒီစီမံကိန်းမှာ ပါဝင်ဖို့ အသင့်ရှိနေတယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။ အဲဒီရန်ပုံငွေဟာ ရုရှားနဲ့ တရုတ်ကို ဆက်သွယ်ပေးတဲ့ ရထားလမ်းတံတား တည်ဆောက်ရေးမှာ ပါဝင်ခဲ့ဖူးကြောင်းကိုလည်း ကိုးကားပြောဆိုခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းမှာ ဒီမီထရီယက်ဗ်က ဒီဥမင်လိုဏ်ခေါင်း စီမံကိန်းအတွက် ဒီဇိုင်းရေးဆွဲမှုကို ဆက်လက်လုပ်ဆောင်ဖို့ ရန်ပုံငွေအဖွဲ့က သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးထားကြောင်း ကြေညာခဲ့ပါတယ်။ ဒီစီမံကိန်းအတွက် နောက်ထပ်ခြေလှမ်းတွေကိုလည်း ယခုနှစ်ကုန်ပိုင်းမှာ ဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်ထားပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)