ဗြိတိန်လေတပ်စခန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို အီရန်ဘက်က ပယ်ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗြိတိန်လေတပ်စခန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို အီရန်ဘက်က ပယ်ချ


အောက်တိုဘာ - ၁၃ ( အင်္ဂါနေ့ ) 

အီရန်နိုင်ငံက ဗြိတိန်နိုင်ငံရဲ့ လေတပ်စခန်းတစ်ခုကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချလိုက်ပါတယ်။ အီရန်ဘက်ကတော့ ဒီစွပ်စွဲချက်တွေဟာ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန် ဆင်နွှဲနေတဲ့ စစ်ပွဲမှာ ဗြိတိန်ပါဝင်ပတ်သက်နေတာကို ဖုံးကွယ်ဖို့ ရည်ရွယ်ထားတဲ့ အယောင်ဆောင် လုပ်ကြံမှုတစ်ခု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တနင်္လာနေ့မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တာပါ။ အဲဒီမတိုင်ခင်မှာ ဗြိတိန်အစိုးရက အီရန်နဲ့ ဆက်နွှယ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ကြံစည်မှုတစ်ခု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အီရန်နိုင်ငံသားနှစ်ဦးကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အီရန်တွေ လာတိုက်ခိုက်မယ်ဆိုပြီး စွပ်စွဲခံရတဲ့ ပစ်မှတ်ကတော့ အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ရှိတဲ့ RAF Fairford လေတပ်စခန်း ဖြစ်ပါတယ်။ ဒီလေတပ်စခန်းကို အီရန်နိုင်ငံအပေါ် စစ်ဆင်ရေးတွေ လုပ်ဆောင်နေတဲ့ အမေရိကန်ဗုံးကြဲလေယာဉ်တွေ အသုံးပြုနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီစွပ်စွဲချက်တွေဟာ အီရန်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့နဲ့ အီရန်ပြည်သူတွေအပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေးတိုက်ခိုက်မှုတွေမှာ ဗြိတိန်ပါဝင်ပတ်သက်နေတာအတွက် တာဝန်ယူရမှုကနေ ရှောင်လွှဲနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာလည်း“အီရန်နိုင်ငံအပေါ် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံက ပြတ်ပြတ်သားသား ပယ်ချပါတယ်။ ဒီလို မမှန်မကန် လုပ်ကြံဖန်တီးမှုကို ကြံစည်ပြီး အကောင်အထည်ဖော်ခဲ့သူတွေအပါအဝင် ဗြိတိန်အစိုးရအနေနဲ့လည်း ဒီလုပ်ကြံဖန်တီးမှုတွေကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်အားလုံးအတွက် တာဝန်ယူရမှာ ဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လက လေတပ်စခန်းအနီးမှာ သံသယဖြစ်ဖွယ် မော်တော်ယာဉ်တွေ တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီးနောက်ပိုင်း ဗြိတိန်အာဏာပိုင်တွေဟာ လုံခြုံရေးသတိပေးမှု အမြင့်ဆုံးအဆင့်နဲ့ စောင့်ကြည့်နေခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က သံသယဖြစ်ဖွယ် တိုက်ခိုက်မှုကြံစည်မှုမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ အမျိုးသားခုနစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ဗြိတိန်နဲ့ အီရန် နှစ်နိုင်ငံသားခံယူထားသူတစ်ဦးလည်း ပါဝင်ပါတယ်။

ဒါပေမဲ့ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေချိန်မှာပဲ အဲဒီခုနစ်ဦးစလုံးကို အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။

တနင်္လာနေ့က လွှတ်တော်မှာ မိန့်ခွန်းပြောကြားရာမှာ ဗြိတိန်ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်က အခုစွပ်စွဲခံထားရတဲ့ တိုက်ခိုက်မှုကြံစည်မှုနောက်ကွယ်မှာ အီရန်ပါဝင်ပတ်သက်နေဖို့ “ဖြစ်နိုင်ခြေ အလွန်များတယ်” လို့ ပြောကြားခဲ့ပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)