ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရေသန့်တာဝန်ခံသည် ရေမီတာ ကိစ္စနှင့်ပက်သက်၍ ရေမီတာမရှိ မတပ်ပါဘဲ၊ ရေမီတာကို မဖတ်ပါဘဲ အိမ်ရှိ လူဦးရေကို တွက်ကာ ကောက်ခံနေပါသည်။
ထိုငွေများသည်လည်း နိုင်ငံတော် အခွန်ဘဏ္ဍာထဲသို့ ရောက်မရောက်သေချာ မသိပါ။ ကျနော်တို့အိမ်ဆို
လျှပ်စစ်မီတာခမှာ ၉ထောင်၊ တစ်သောင်း၊ တစ်သောင်းကျော်ပဲ ကျသင့်ပါသည်။ သုံးစွဲမှု နည်းပါသည်။
သို့သော် ရေမီတာခသည် လစဉ် တစ်လကို ပုံသေ ၁၉၀၀၀ကျော် ကျသင့်နေပါသည်။ ထင်တိုင်းကျဲ ပြုမူနေကြပါသည်။
ဖြစ်စေလိုသည်မှာ စနစ်တကျ ရေမီတာများ တပ်ဆင်ပေးပြီး သုံးစွဲသမျှကို ကျသင့်သော ယူနစ်တန်ဖိုးအတိုင်း ကောက်ခံစေချင်ပါသည်။
ရေမီတာတပ်ဆင်ပေးထားခြင်း မရှိဘဲ လူဦးရေနှင့် တွက်၍ ရေဖိုးကောက်ခံနေသူအား စိစစ်ဆောင်ရွက်ပေးနိုင်ရန်နှင့် ရေမီတာများ စနစ်တကျ တပ်ဆင်ပေးနိုင်ပါရန် လေးစားစွာ တင်ပြလိုက်ရပါသည်။
ပြည်သူတစ်ဦး
#News #Myanmar

No comments:
Post a Comment