အောက်တိုဘာ - ၂၁ ( ဗုဒ္ဓဟူးနေ့ )
ထိုင်းနိုင်ငံမှာ အိမ်ထောင်စု (၁) သန်းအထိကို တစ်အိမ်ထောင်ကို ဘတ် (၅၀,၀၀၀) ထောက်ပံ့ပေးမယ့် ဆိုလာပြား တပ်ဆင်ရေး အစီအစဉ်အတွက် ဘတ်သန်း (၅၀,၀၀၀) ပါတဲ့ ရန်ပုံငွေ အဆိုပြုချက်ကို အစိုးရစိစစ်ရေးကော်မတီက အတည်ပြုပေးလိုက်ပါပြီ။
ဒီအစီအစဉ်ကို လာမယ့် အောက်တိုဘာလ (၂၆) ရက်နေ့မှာ ကက်ဘိနက် (ဝန်ကြီးများအဖွဲ့) ရှေ့မှောက် တင်ပြသွားဖို့ ရှိပြီး၊ နိုဝင်ဘာလဆန်းပိုင်းလောက်မှာတော့ မှတ်ပုံတင်ခြင်း စတင်ဖွင့်လှစ်ပေးနိုင်ခြေ ရှိပါတယ်။
ဒီကော်မတီ အတည်ပြုပေးလိုက်တဲ့ ကိစ္စကို ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဖြစ်တဲ့ လာဝရွန် ဆန်ဆာနစ် က အောက်တိုဘာလ (၂၀) ရက်နေ့မှာ တရားဝင် အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဆိုလာထောက်ပံ့ကြေး အစီအစဉ်ကနေ အိမ်တွေမှာဖြစ်ဖြစ်၊ မြေပြင်မှာဖြစ်ဖြစ် ဆိုလာပြားတွေ တပ်ဆင်ဖို့ အရည်အချင်းပြည့်မီတဲ့ အိမ်ထောင်စုတွေကို ကူညီပေးမှာ ဖြစ်ပါတယ်။ အဲဒီလို တပ်ဆင်လိုက်ခြင်းအားဖြင့် အိမ်သုံးအတွက် လျှပ်စစ်မီး ထုတ်သုံးနိုင်မယ့်အပြင်၊ ပိုလျှံတဲ့ မီးတွေကိုလည်း လျှပ်စစ်ဖြန့်ဖြူးရေး ကွန်ရက်ကို ပြန်လည်ရောင်းချနိုင်မှာ ဖြစ်ပါတယ်။
ဒီထောက်ပံ့ကြေးက တစ်အိမ်ထောင်ကို ဘတ် ၅၀,၀၀၀ အထိ အများဆုံး ရရှိမှာဖြစ်ပြီး တစ်အိမ်ထောင် ကို တစ်ကြိမ်ပဲ ခံစားခွင့်ရှိပါတယ်။ လျှပ်စစ်မီတာ ပိုင်ရှင်တွေ ဒါမှမဟုတ် လျှပ်စစ်သုံးစွဲသူတွေအနေနဲ့ နောက်ဆုံးထွက်လာမယ့် သတ်မှတ်ချက် စည်းကမ်းချက်တွေနဲ့အညီ လျှောက်ထားနိုင်မှာပါ။
ဘတ်သန်း ၅၀,၀၀၀ ရှိတဲ့ ဒီဘတ်ဂျက်ကိုတော့ အစိုးရရဲ့ ဘတ်ငွေချေးလုပ်ငန်းစဉ်ထဲက စုစုပေါင်း ဘတ်သန်း ၂၀၀,၀၀၀ ပါဝင်တဲ့ စွမ်းအင်ကူးပြောင်းရေး ရန်ပုံငွေကနေ ထုတ်ယူသုံးစွဲသွားမှာ ဖြစ်ပါတယ်။
ထောက်ပံ့ကြေးထက် ပိုကုန်ကျမယ့် တပ်ဆင်စရိတ်တွေကို ကာမိစေဖို့အတွက် အစိုးရပိုင်ဘဏ်တွေ ဖြစ်တဲ့ အစိုးရငွေစုငွေချေးဘဏ် ၊ အစိုးရ အိမ်ရာစီမံကိန်းဘဏ် နဲ့ စိုက်ပျိုးရေးဘဏ် တို့ကနေ အထူးချေးငွေတွေ ထုတ်ချေးပေးဖို့လည်း မျှော်လင့်ထားကြပါတယ်။
REF: Thaiger
#News #Myanmar


No comments:
Post a Comment