အိန္ဒိယကတော့ အစိမ်းရောင်တော်လှန်ရေးအတွက် ရင်နှီးမြုပ်နှံမှုတွေ တိုးပြီးရင်းတိုးနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယကတော့ အစိမ်းရောင်တော်လှန်ရေးအတွက် ရင်နှီးမြုပ်နှံမှုတွေ တိုးပြီးရင်းတိုးနေ


အောက်တိုဘာ - ၂ ( သောကြာနေ့ ) 

အိန္ဒိယနိုင်ငံဟာ လျှင်မြန်စွာ တိုးတက်လာနေတဲ့ နေရောင်ခြည်နဲ့ လေစွမ်းအင် ထုတ်လုပ်မှု စွမ်းရည်ကို (အထူးသဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက် အမြင့်ဆုံးအချိန်တွေမှာ) အပြည့်အဝ အသုံးပြုနိုင်ရေး အတွက် အဟန့်အတားဖြစ်နေတဲ့ လျှပ်စစ်ဓာတ်အား လိုင်းပိုင်းဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းဖို့ အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံ တန်ဖိုးရှိ အစိမ်းရောင်မဟာဓာတ်အားလိုင်း တိုးချဲ့ရေး စီမံကိန်းကို အတည်ပြုလိုက်ပါတယ်။

အစိမ်းရောင်စွမ်းအင်စင်္ကြံ အပိုင်း ( ၃ ) (GEC-III) စီမံကိန်းဟာ နိုင်ငံရဲ့ အစိမ်းရောင်မဟာဓာတ်အားလိုင်း စနစ်ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၁၃၅ ဂစ်ဂါဝပ်အထိ သယ်ယူပို့ဆောင်ပေးနိုင်မှာဖြစ်ပြီး ဘက်ထရီ စွမ်းအင်သိုလှောင်မှု ၅၀ ဂစ်ဂါဝပ်-နာရီ ကိုလည်း တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ၂၀၃၂-၃၃ ဘဏ္ဍာရေးနှစ်မှာ ပြီးစီးဖို့ ရည်မှန်းထားပါတယ်။

လက်ရှိမှာ အိန္ဒိယရဲ့ တပ်ဆင်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စုစုပေါင်းရဲ့ ၉ ရာခိုင်နှုန်းနီးပါး (၂၁ ဂစ်ဂါဝပ်ခန့်) ဟာ သီးသန့် ဓာတ်အားလိုင်း အခြေခံအဆောက်အအုံများ ပြီးစီးမှုကို စောင့်ဆိုင်းနေရဆဲ ဖြစ်တာကြောင့် ယာယီဓာတ်အားလိုင်း စနစ်တွေနဲ့သာ ချိတ်ဆက်ထားရတာပါ။ အဆိုပါ အခြေခံအဆောက်အအုံ လိုအပ်ချက်ကြောင့် နေရောင်ခြည်စွမ်းအင် အများဆုံး ထွက်ရှိချိန်တွေမှာ ဓာတ်အားသုံးစွဲသူတွေထံ လျှပ်စစ်ဓာတ်အား ၁၂ ဂစ်ဂါဝပ်ခန့် ပို့ဆောင်ပေးနိုင်ခြင်း မရှိဘဲ ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေပါတယ်။

လျှပ်စစ်ဓာတ်အား လိုအပ်ချက် စံချိန်တင် ၂၇၀ ဂစ်ဂါဝပ်အထိ ရောက်ရှိခဲ့တဲ့ ဧပြီလမှ ဇွန်လအတွင်းမှာ အဆိုပါ လိုင်းပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ဓာတ်အားလိုင်း တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ လိုအပ်ချက်တွေ ကြောင့် ဓာတ်အားလိုင်း ထိန်းချုပ်သူများအနေနဲ့ နေရောင်ခြည်စွမ်းအင် ထုတ်လုပ်မှု ၈,၁၃၃ GWh ကို လျှော့ချ/ကန့်သတ်ခဲ့ရတယ်လို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဝန်ကြီးဌာနက အိန္ဒိယပါလီမန်ကို ပြောကြားခဲ့ပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)