မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော အိမ်အမိုးသွပ်နှင့်ဘိလပ်​မြေအိတ်များ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော အိမ်အမိုးသွပ်နှင့်ဘိလပ်​မြေအိတ်များ ထောက်ပံ့ပေးအပ်





မြဝတီ၊ အောက်တိုဘာ ၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ကျေးရွာအုပ်စု ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင်  အထောက်အကူဖြစ်စေရန် အတွက်ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် အိမ်အမိုးသွပ်နှင့် ဘိလပ်မြေအိတ်များထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြဝတီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်္ဃန်းညီနောင် ကျေးရွာ ပြန်လည်ထူ ထောင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့်အိမ်အမိုး သွပ်နှင့် ဘိလပ်​​​မြေအိတ်များကို ဆက်လက်​ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ပေးအပ်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ေရးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့်တာဝန်ရှိသူများက သင်္ဃန်းညီနောင်ကျေးရွာရှိ အိမ်ထောင်စု (၁၇၉) စု ရှိသည့်အနက် ပထမဦးစားပေးအိမ် ထောင်စု(၈၇)စုအတွက်အိမ်ထောင်စု တစ်စုလျှင် ဘိလပ်​​မြေ (၂၀)အိတ်နှင့်အိမ်အမိုး သွပ် (၄၀)ချပ်တို့ကိုပေးအပ်ခဲ့ရာ တက်ရောက်လာကြသည့် သင်္ဃန်းညီနောင်ကျေးရွာနေပြည်သူများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်ပြီးသင်္ဃန်းညီနောင်ကျေးရွာနေ ​ပြည်သူတစ်ဦးက ကျေးဇူးတင်စကားကိုပြန်လည် ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ဆောင်းနှင်းဖြူ 

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)