ဆရာတော် ဦးလက္ခဏအား သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၁နှစ်နဲ့ ၉လ ပြစ်ဒဏ်ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆရာတော် ဦးလက္ခဏအား သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၁နှစ်နဲ့ ၉လ ပြစ်ဒဏ်ချ




သင်္ဃန်းကျွန်းမြို့နယ်အတွင်း ပြည်ခိုင်ဖြိုးပါတီမှ ပုဂ္ဂိုလ်တစ်ဦးက တိုင်ကြားသည်ကို အကြောင်းပြု၍ ဆရာတော် ဦးလက္ခဏအား ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တိုင်ကြားမှုနှင့် ဆက်စပ်သော ပြစ်မှုရမရသည့်နောက် ဆရာတော် ဦးလက္ခဏ၏ ကားကို ဝစ်သောက်ကားဟုလည်းကောင်း၊ ကားပေါ်တွင် ပါလာသည့် ဓားကို လက်နက်ကိုင်ဆောင်သည်ဟုလည်းကောင်း ကားဝစ်သောက်မှု၊ လက်နက်ကိုင်ဆောင်မှုများဖြင့် တရားစွဲဆိုခံခဲ့ရသည်။

အဆိုပါ အမှု ၂မှုအတွက် ဆရာတော် ဦးလက္ခဏအား တရားရုံးက ကားဝစ်သောက်မှုအတွက် ၁နှစ်၊ လက်နက်ကိုင်ဆောင်မှုအတွက် ၉ လ ထောင်ဒဏ်ချမှတ်လိုက်ပြီဖြစ်ကြောင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ ဦးပညာဝံသ က မိန့်ကြားသည်။

ပုဂ္ဂိုလ်ရေးမကျေနပ်မှုကို အကြောင်းပြု၍ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပုဂ္ဂိုလ်တစ်ဦးက တိုင်ကြားခဲ့မှုအပေါ် မြို့နယ်ပါတီဝင်များကလည်း သံဃာတစ်ပါးအပေါ် ယခုကဲ့သို့ လုပ်ဆောင်ခြင်းအပေါ် မကျေမနပ်ဖြစ်ခဲ့ကြရသည်။

အဆိုပါ အမှုအခင်း ဖြစ်ပေါ်ခဲ့ပြီးနောက် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများနှင့် ဆရာတော်များ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရပြီး တာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြောင်း ဆရာတော် ဦးပညာဝံသ၏ ပြောကြားချက်အရ သိရသည်။


#Myanmar #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)