ရန်ကုန်၊ အောက်တိုဘာ ၅
ဒေသဆိုင်ရာလေ့လာရေးဗဟိုဌာနဖွင့်ပွဲနှင့် ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံဆိုင်ရာ လေ့လာရေးညီလာခံ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တက္ကသိုလ်တွင် ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ တရုတ်သံမှူး Mr. Li Qianguo ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဒေသဆိုင်ရာလေ့လာရေးဗဟိုဌာနကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် နှင့် တက်ရောက်လာကြသူများသည် ဒေသဆိုင်ရာလေ့လာရေးဗဟိုဌာနအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ညီလာခံအခမ်းအနားကို ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံအမတ်ကြီး H.E. Ms. Ma Jia ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူး Mr. Li Qianguo တို့က နှုတ်ခွန်းဆက်စကား အသီးသီး ပြောကြားကြသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသောင်းထိုက် က ပြည်ထောင်စုဝန်ကြီးနှင့် အထူးဧည့်သည်တော်များအား အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ပြီး တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းသည်။
#News #Myanmar








No comments:
Post a Comment