မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ကဗျာရေးစပ်၊ ကျပန်းစကားပြောနှင့် ပုံပြင်ပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ကဗျာရေးစပ်၊ ကျပန်းစကားပြောနှင့် ပုံပြင်ပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ




မိတ္ထီလာ၊ အောက်တိုဘာ ၅

မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာနတွင် ကမ္ဘာ့ဆရာများအနေ့အထိမ်းအမှတ် အထက်တန်းအဆင့်ကဗျာရေးစပ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ဦးစွာ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာမြင့်မားအောင်က ပြိုင်ပွဲများတွင် ဆုရွေးချယ်ခြင်းပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် မိတ္ထီလာမြို့နယ်နှင့် မလှိုင်မြို့နယ်အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ ပြိုင်ပွဲဝင် ကျောင်းသူ၊ ကျောင်းသားများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်ပညာရေးမှူးဦးဝင်းလှိုင်၊ မြို့နယ်စာရေး ဆရာအသင်းမှ စာရေးဆရာများဖြစ်သည့် မြင့်မားအောင်၊ ရွှေညာမြေမြတ်သင်းကြိုင်၊ ကိုသစ္စာ(ထီလာ)နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ အဆိုပါ ပြိုင်ပွဲများကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေး ဆရာအသင်းတို့ပူးပေါင်း၍ စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ  မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ချမ်းသာ

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)