အောက်တိုဘာ - ၉ ( သောကြာနေ့ )
အီရန် - အမေရိကန်စစ်ပွဲကို သံတမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ကြာသပတေးနေ့က အီရန်သမ္မတ မာဆော့ဒ် ပက်ဇက်ရှကီယန် နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
အီရန်ဘက်က ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ရည်ရွယ်တဲ့ အဆိုပြုချက်တစ်ခုကို မကြာသေးမီက တင်ပြခဲ့တယ်လို့ ရုရှားသမ္မတက မှတ်ချက်ပြုခဲ့ပြီး မော်စကိုအနေနဲ့လည်း ဒီလုပ်ငန်းစဉ်မှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးဖို့ ဆန္ဒရှိတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
"အီရန်ဟာ သူ့ရဲ့ အပြစ်ကြောင့် မဟုတ်ဘဲ ဒေသတွင်းမှာ ဖြစ်ပွားခဲ့ရတဲ့ ဒီပဋိပက္ခကို အဆုံးသတ်ဖို့ တကယ်ကို ကြိုးစားအားထုတ်နေတာပါ" လို့ ပူတင်က ပြောခဲ့ပါတယ်။
ဒါ့အပြင် တာ့ခ်မင်နစ္စတန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ ဆွေးနွေးပွဲအတွင်း ပူတင်က ရုရှားနဲ့ အီရန်တို့ကြား အထူးသဖြင့် ကုန်သွယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာတာကို ချီးကျူးပြောဆိုခဲ့ပါတယ်။ အဆိုပါ ခရီးစဉ်အတွင်း ပူတင်ဟာ လွတ်လပ်သော နိုင်ငံများဓနသဟာယ (CIS) ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးနဲ့ ကက်စပီယံပင်လယ် သဘာဝပတ်ဝန်းကျင် ထိပ်သီးအစည်းအဝေးတို့မှာ တက်ရောက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ရုရှား သမ္မတဟောင်းနဲ့ လက်ရှိ လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ဗ် က တီဟီရန်ဟာ ဝါရှင်တန်အတွက် "ဘာခြိမ်းခြောက်မှုမှ မရှိခဲ့တာကြောင့် အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။
စက်တင်ဘာလနှောင်းပိုင်းမှာတော့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရဂ်ချီ က တီဟီရန်အနေနဲ့ အမေရိကန်ထံ ငြိမ်းချမ်းရေး အစီအစဉ်တစ်ခု တင်ပြထားကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ လမ်းပြမြေပုံအရ အရှေ့အလယ်ပိုင်းက ရေနံစိမ်း တင်ပို့မှုအတွက် မဟာဗျူဟာကျလှတဲ့ ဟောမုဇ် ရေလက်ကြား ရေကြောင်း သွားလာရေးကို ပြန်လည် ဖွင့်လှစ်ပေးဖို့ အစ္စလာမ်မစ် သမ္မတနိုင်ငံ (အီရန်) ဘက်က အဆင်သင့်ရှိကြောင်း အချက်ပြခဲ့ပါတယ်။
အပြန်အလှန်အနေနဲ့ ပဋိပက္ခ စတင်ချိန်မှစပြီး ဒီအရေးပါတဲ့ ရေနံသင်္ဘော လမ်းကြောင်းကို ပိတ်ဆို့ထားခဲ့တဲ့ အီရန်ဟာ အမေရိကန်ဘက်ကလည်း အီရန်အပေါ် ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားပေးဖို့၊ ရေနံတင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်တွေကို လျှော့ချပေးဖို့နဲ့ ထိန်းချုပ်ခံထားရတဲ့ စည်းစိမ်ဥစ္စာအချို့ကို ပြန်လည်ထုတ်ပေးဖို့ မျှော်လင့်နေပါတယ်။ ဒါ့အပြင် တီဟီရန်ဟာ လီဘနွန်မှာပြုလုပ်နေတဲ့ အစ္စရေးရဲ့ စစ်ဆင်ရေး အပါအဝင် စစ်မျက်နှာအားလုံးမှာ တိုက်ခိုက်မှုတွေ အဆုံးသတ်ရေးကိုပါ တောင်းဆိုထားပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment