ပြည်သူ့လွှတ်တော် အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသက်ပုံ ICRC မှ တာဝန်ရှိပုဂ္ဂိုလ် Mr. Ross Farmery အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူ့လွှတ်တော် အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသက်ပုံ ICRC မှ တာဝန်ရှိပုဂ္ဂိုလ် Mr. Ross Farmery အား လက်ခံတွေ့ဆုံ






နေပြည်တော်၊ အောက်တိုဘာ ၉

ပြည်သူ့လွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးသက်ပုံသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ တာဝန်ရှိပုဂ္ဂိုလ် Mr. Ross Farmery အား ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ရေးရာဆောင် အမှတ် (I-12) ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ၊ မြန်မာတစ်နိုင်ငံလုံးရှိ အကူအညီလိုအပ်နေသော ပြည်သူများအား ကူညီထောက်ပံ့ပေးနေမှုများ၊ ကျန်းမာရေးဆိုင်ရာ ကူညီစောင့်ရှောက်ပေးနေမှုများနှင့် စိုက်ပျိုးသီးနှံမျိုးစေ့များ ပံ့ပိုးပေးခြင်း၊ မွေးမြူရေးဆိုင်ရာ အထောက်အပံ့များ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် လက်နက်ကိုင်ပဋိပက္ခနယ်မြေများရှိ ပြည်သူလူထုများအား လိုအပ်သော စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများ ထောက်ပံ့ပေးနေမှု၊ စိုက်ပျိုးမွေးမြူရေးနှင့် နယ်မြေဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကူညီထောက်ပံ့ပေးနေမှု အခြေအနေများ၊ စစ်လက်နက်နှင့် မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် ဘေးကင်းလုံခြုံစွာ သွားလာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြရာ ကော်မတီဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးထွန်းလွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)