ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်မှ ကြီးမှူးကျင်းပသည့် ဟီလ်ဒါ ဂျေးဝါဒနာရာမယ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း အုတ်မြစ်ချအခမ်းအနားသို့ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်မှ ကြီးမှူးကျင်းပသည့် ဟီလ်ဒါ ဂျေးဝါဒနာရာမယ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း အုတ်မြစ်ချအခမ်းအနားသို့ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက်






အော်တာဝါ၊ အောက်တိုဘာ ၇

ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်ဥက္ကဋ္ဌနှင့် ဟီလ်ဒါ ဂျေးဝါဒနာရာမယ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၏ ဦးစီးပဓာနဆရာတော် Venerable Nugegalayaye Jinānanda Thero ၏ ဖိတ်ကြားချက်အရ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်၊ ၁၄၀၀ နာရီတွင် အော်တာဝါမြို့၌ ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်မှ ကြီးမှူးကျင်းပသည့် ဟီလ်ဒါ ဂျေးဝါဒနာရာမယ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းအုတ်မြစ်ချအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ အော်တာဝါမြို့တော်ဝန် Mr. Mark Sutcliffe က အဓိကဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး ကနေဒါနိုင်ငံရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများမှ ဆရာတော် သံဃာတော်များ၊ လူမှုအသိုက်အဝန်း ခေါင်းဆောင်များ၊ ဗုဒ္ဓဘာသာဝင်များ၊ အလှူရှင်များ၊ စေတနာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အထူးဧည့်သည်တော်များအဖြစ် အော်တာဝါမြို့တော်ဝန် Mr. Mark Sutcliffe နှင့် မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးတို့က အမှတ်တရစကားပြောကြားခဲ့ကြပြီး ဘုန်းတော်ကြီး ကျောင်းအသစ် တည်ဆောက်ရေးလုပ်ငန်းစတင်ခြင်း အထိမ်းအမှတ်အဖြစ် အုတ်မြစ်ချခြင်း အခမ်းအနားကို ကျင်းပခဲ့ကြသည်။ 

သံအမတ်ကြီးက အဆိုပါဘုန်းတော်ကြီးကျောင်း အသစ်တည်ဆောက်ခြင်းသည် ကနေဒါမြို့တော်နယ်မြေအတွင်းရှိ ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် အရေးပါသည့် မှတ်တိုင်တစ်ရပ် ဖြစ်ကြောင်းနှင့် စီမံကိန်း အောင်မြင်စွာပြီးမြောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းများ ပို့သခဲ့ကြောင်း သိရသည်။   


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)